ဂျာဘာလီယာဒုက္ခသည်စခန်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှု ပါလက်စတိုင်း ၉၀ ကျော်သေဆုံး

ဂါဇာမြောက်ပိုင်းရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၉၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ဟားမတ်စ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဟားမတ်စ်တို့ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အစ္စရေးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ ဂျာဘာလီယာဟာ ဂါဇာမြောက်ပိုင်းမှာရှိပြီး ဒေသခံတွေကို ရှောင်ကြဖို့ အစ္စရေးက သတိပေးခဲ့ပါတယ်။