စစ်မှုမထမ်းမနေရစနစ်ကို အသက်သွင်းမည့် ဗြိတိန်နှင့် NATO

ဗြိတိန်နိုင်ငံနှင့် အခြား NATO အဖွဲ မဟာမိတ်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံထံမှ ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တုံပြန်နိုင်ဖိုအတွက် စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးရန် စဉ်းစားသုံးသပ်သင့်ကြောင်း လတ်ဗီးယားနိုင်ငံခြားရေးဝန်ကြီး Krisjanis Karins ကပြောကြားခဲ့သည်ဟု မတ်လ ၁၈ ရက် AP သတင်းဖော်ပြချက်အရ သိရှိရပါသည်။

လတ်ဗီးယားနိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခကို တုံပြန်ရန်နှင့် တန်းပြည့်အရန်တပ်ဖွဲဝင်အင်အား တိုးမြှင့်ရန် ယခုနှစ်အစောပိုင်းတွင် စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်ချမှတ်ခဲ့ပြီး အသစ်ပြင်ဆင်ထားသော ဥပဒေများအရ ပြည်ပတွင်ရောက်ရှိနေသူများအပါအဝင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အကြားရှိ လတ်ဗီးယားအမျိုးသားအားလုံး စစ်မှုထမ်းကာလ ၁ နှစ်ကို မဖြစ်မနေစစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရှိရပါသည်။