ကယားထောင် မယားငယ်ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့သည့် KNDF များ

ကယားမြေမှာ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ KNDF ရဲ့ ရည်ရွယ်ချက် ဘယ်ကိုဦးတည်နေတယ်ဆိုတာ ပိုမိုပေါ်လွင်လာနေပြီလည်း ဖြစ်ပါတယ်။ ပထမတော့ ကရင်နီလွတ်မြောက်ရေး ဘာညာလျှောက်ပြောနေပေမယ့်လည်း နောက်ဆုံးတော့ရည်ရွယ်ချက်က ခူရီဒူးရဲ့မယားငယ်ဖြစ်သူ ဇူလိုင်ဖြိုးအတွက် ကယ်ဆယ်ရေးစစ်ဆင်ရေး လုပ်နေတယ်ဆိုတာပါပဲ…ဒီတိုက်ပွဲအတွင်း အကြမ်းဖက်သမားများဖြစ်သည့် KNDF များအထိနာနေပြီး မာဝီ၊ ခူရီဒူးတို့လို ခေါင်းဆောင်းများကလည်း အသေခံတိုက်ဖို့ တပ်ပြန်မဆုတ်ဖို့ အတင်းဖိအားပေး ခိုင်းစေနေတယ်လို့လည်း အတွင်းသတင်းများအရသိရပြီး KNDF ရဲဘော်အများစုလည်း စိတ်ဓာတ်ကျနေပြီး ထွက်ပြေးဖို့လုပ်ဆောင်နေတာကြောင့်လည်း အဖွဲ့အားလုံးကို တင်းကြပ်စွာချုပ်ကိုင်ထားတယ်လို့လည်း သိရပါတယ်။ အခုတော့ သေမယ့်လမ်းကို အတင်းတွန်းပို့နေတဲ့ KNDF ခေါင်းဆောင်တွေကို မကျေမနပ်ဖြစ်နေကြကြောင်းလည်း သိရှိရပါတယ်။