တပ်မတော်(လေ)မှာ တပ်တော်ဝင်ထားတဲ့ SU 30 SM တွေအကြောင်း

Su-30SM တိုက်လေယာဉ်ဆိုတာ နှယ်နှယ်ရရတိုက်လေယာဉ်မဟုတ်ပါဘူး။
ရုရှားလေတပ်မှာသုံးနေတဲ့ လက်နက်တွေထဲက 95% လောက်ကို စစ်ဆင်ရေးအလိုက် ရွေးချယ်ပြီးတော့ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ နျူကလီးယားဗုံးပါ သယ်နိုင်ပါတယ်။

ဥပမာကို ပြရရင် ပုံမှာပြထားတဲ့အတိုင်းပဲ CAS /Fire Support / Coordination Bombing တွေအတွက် Mass Ordnance လိုလည်း ခေါ်တဲ့ ဗုံးတွေ အများအပြားချိတ်ဆွဲနိုင်တာပါပဲ။

သူ့စီနီယာတွေလိုပဲ Su-30SM ဟာ MBD3-6U-68 Multiple Bomb Rack ကိုသုံးပြီးတော့ FAB-250 Mark46 ဗုံး ၂၈ လုံး အထိတောင် တင်နိုင်ပါတယ်။

FAB250 ဆိုတာ လူတွေပြောပြောနေကြတဲ့ ပေါင်ငါးရာဗုံးပါ ။ ဒီလို ဗုံး ၂၈ လုံးတင်နိုင်တယ်ဆိုတာ တော်ရုံတိုက်လေယာဉ် ဘယ်လိုမှ လိုက်မမှီတဲ့ Mission Profile မျိုးပါ။

ခြုံပြောရရင် Su-30SM ဟာ ဒီလိုပုံစံနဲ့ လေပေါ်တက်ရင် Aerial Bombing Support Role မှာ ဟဲဗီးဝိတ်ချံပီယံစာရင်းဝင်ပါတယ်။

လက်ရှိလေတပ်မှာဆို ဒါမျိုး Load တင်နိုင်တာ Su-30SM တစ်မျိုးတည်းရှိပါတယ်။ Mig-29 တိုက်လေယာဉ်တွေတောင် ဒါမျိုး တင်လိုမရပါဘူး။

အကြောင်းကတော့ Mig-29 တိုက်လေယာဉ်ကို ဒီလို Multiple Bomb Rack System တွေတပ်လိုမရလိုပါ။

Upgrade လုပ်ထားတဲ့ Mig-29SMT မှာတောင်တပ်လိုမရဘဲ Mig-29K မှာသာ MBD-67U စနစ်တပ်လိုရတယ်လို ဆိုထားပါတယ်။

ဒါတောင် ရုရှားရေတပ်နဲ့ အိန္ဒိယရေတပ်မှာသုံးနေတဲ့ Mig-29K တွေပေါ်မှာ MBD-67 Rack ကို သုံးတာမျိုး မတွေ့မမြင်ဖူးသေးပါဘူး။ စာအရသာပြောတာပါ။

Mig-29 ဟာ အမာခံလက်နက်တပ်ဆင်နေရာ ၇ ခုမှာ ငါးနေရာသာ လေးလံတဲ့ ဗုံးတွေကို ချိတ်ဆွဲနိုင်ပါတယ်။ အတွင်းဆုံးပိုင်း Pylon လေးခုနဲ့ Belly အောက်နေရာမှာပါ။ Belly Point က ဆီတိုင်ကီအတွက်သီးသန့်ဖြစ်ပါတယ်။ အစွန်ဆုံး နှစ်နေရာက တောင်ပံဖျားတွေဖြစ်တာကြောင့် လေးလံတဲ့ ဗုံးတွေတပ်လိုမရပါဘူး။

ဒါကြောင့် Mig-29 တိုက်လေယာဉ်ဟာ တစ်ကြိမ်မှာ ပေါင်၅၀၀ ဒါမှမဟုတ် ပေါင်၁၀၀၀ ဗုံး လေးလုံးသာ ချိတ်ဆွဲတိုက်ခိုက်နိုင်မှာပဲဖြစ်ပါတယ်။

ပြောရရင် ပေါင် ၅၀၀ ဗုံး ၂၈ လုံး ချိတ်ထားတဲ့ Su-30SM တစ်စီးလေပေါ်ပျံတက်တိုင်း ဗုံးလေးလုံးပဲချိတ်ထားတဲ့ Mig-29SE/SM တိုက်လေယာဉ် ၇ စီး လေပေါ်တက်တာနဲ့ ညီမျှပါတယ်။

ဒါမှမဟုတ် Drop Tank သုံးလုံး နဲ့ ဗုံးနှစ်လုံးသယ်ထားတဲ့ FTC2000G တိုက်လေယာဉ်ကြီး ၁၄ စီး နဲ့ ညီမျှပါတယ်။

ဒီလို ဗုံးတွေအများကြီးသယ်ထားပေမယ့် Su-30SM တိုက်လေယာဉ်ဟာ ဆီလျှော့သယ်ရတာမျိုး လုပ်စရာမလိုပါဘူး။ မလိုတဲ့ အပြင် တောင်ပံဖျား လက်နက်တပ်တဲ့ Point နှစ်နေရာမှာ R-73 AAM နှစ်လုံးကိုတောင် Side Arm သဘောမျိုး သယ်သွားလိုရပါသေးတယ်။

ဘာကြောင့်လည်းဆိုတော့ Su-30(Origninal Su-30 ၏ အချက်အလက်အရ) ရဲ့ Max Take Off Weight ဟာ ကီလိုဂရမ်သုံးသောင်းခွဲလောက်ရှိပါတယ်။ ဒါကြောင့် လက်နက်အလေးချိန် နဲ့ ဆီဆန့်ဝင်မှု ၇၀၀၀ကီလိုပေါင်းရင်တောင် စံသတ်မှတ်ထားတဲ့ ပျံသန်းရန်ခွင့်ပြုအလေးချိန်ထက် နည်းနည်းလျှော့နေပါသေးတယ်။

ဒါဟာ Tactic လယ်ဗယ်ရှိတဲ့ တိုက်လေယာဉ်ရဲ့ အားသာချက်ကြီးပဲဖြစ်ပါတယ်။ ဒီအားသာချက်တွေကို ကောင်းကောင်းအသုံးချလိုရပါတယ်။

ဒီအချက်ကြောင့်ပဲ Su-30SM ဟာ ပစ်မှတ်ဧရိယာပေါ်မှာ အချိန်နာရီနဲ့ချီ ဝဲပျံပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

နှစ်ယောက်မောင်း ဖြစ်တဲ့ဒီလေယာဉ်ဟာ WSO အနေနဲ့ အားကောင်းလှတဲ့ မှန်ပြောင်းအသုံးပြုပြီးတော့ မျက်မြင်ကြည့်ရှုကာ ပစ်မှတ်ကိုရှာတိုက်တာ ကျည်ကျ Correction လုပ်ပြီး တိုက်ခိုက်တာ Damage Assessment လုပ်တာတွေကို လေထဲမှာ အချိန်အကြာကြီးပျံသန်းလုပ်ဆောင်နိုင်ပါတယ်။

သေးငယ်တဲ့ လေယာဉ်တွေကတော့ ဒီလိုမျိုးလုပ်နိုင်မှာမဟုတ်ပါဘူး။ ဆီကန့်သက်ချက်ကြောင့် အချိန်သိပ်မရဘဲ ပစ်မှတ်ပေါ်ရောက်တာနဲ့ တစ်ချက်အကဲကြည့် ပါလာတဲ့ ဗုံးပစ်ချ စက်သေနက်ပစ် ပြီးရင် လှည့်ပြန်ဖိုပဲရှိပါတယ်။

Crd