အင်းတိုင်သားတို့ရဲ့ အိမ်ပြန်ချိန်

ရှေ့တန်းစစ်ဆင်ရေးတာဝန်များထမ်းဆောင်ပြီး နောက်တန်းဌာနချုပ်သို့ ပြန်လည်ဝင်ရောက်လာတဲ့ တပ်မတော်သားများကို မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ဝမ်းပမ်းတသာကြိုဆိုခဲ့ကြပါတယ်။ နောက်တန်းဌာနချုပ်သို့ ပြန်လည်ဝင်ရောက်လာတဲ့ တပ်မတော်သားတွေရဲ့ မျက်မှာမှာ အပြုံးလေးတွေမြင်နေရတာ တကယ့်ကို ကြည်နူးစရာမြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။ တပ်မတော်သားတစ်ယောက်ရဲ့ အပျော်ဆုံးအချိန်လေးက ရှေ့တန်းကပြန်လာတဲ့အချိန် တပ်ရင်းဂိတ်ပေါက်ဝလေးကနေ မိသားစုဝင်များက ကြိုဆိုကြတဲ့ အခိုက်အတန့်လေးပဲ ဖြစ်ပါတယ်။