ရုရှား-ယူကရိန်း ပဋိပက္ခများ ပြီးဆုံးသွားမှ NATO အဖွဲ့ဝင် နိုင်ငံဖြစ်မည့် ယူကရိန်း

ယူကရိန်းနိုင်ငံအား NATO အဖွဲ့ရဲ့ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် စွမ်းဆောင်နိုင်ဖို့ NATO အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် ယူကရိန်းနိုင်ငံကိုပေးအပ်သွားမည်ဖြစ်ကြောင်း NATO အဖွဲ့မှ ကတိပြုထား​ပြီးဖြစ်ပါတယ်လို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ပြီးခဲ့သည့် ဧပြီလ ၂၁ရက်နေ့မှာ ပြောပါဆိုခဲ့ပါတယ်။

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က မဟာမိတ်နိုင်ငံအားလုံးသည် ယူကရိန်းကို မဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်သင့်သည်ဟု သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့ပြီးနောက် “အနောက်အုပ်စု NATO အဖွဲ့က ယူကရိန်းဒေသ တွင် ‘ရုရှားကို အနိုင်တိုက်နိုင်ဖို့’ ရည်မှန်းချက်များ ချမှတ်ထားပြီး ယခုဖြစ်ပေါ်နေသော ရုရှား-ယူကရိန်း ပဋိပက္ခများပြီးဆုံးပြီးမှ ယူကရိန်း နိုင်ငံကို မဟာမိတ် NATO အဖွဲ့ဝင်အဖြစ် လက်ခံနိုင်မယ်လို့ ကတိပေးပြောဆိုထားပါတယ်။ ဒါဟာ ဥရောပတိုက်ရဲ့ လုံခြုံရေးစနစ်တစ်ခုလုံးကို ပြိုကွဲပျက်စီးသွားမည့်အလားလာကို ဦးတည်သွားနိုင်စေပါတယ်” ဟု Zakharova ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

crd;