ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် ပြင်းအား(၆.၄)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့

ကယ်လီဖိုးနီးယားမြောက်ပိုင်းကမ်းရိုးတန်းဒေသမှာ ရစ်ချ်တာစကေးလ် ၆.၄ အဆင့်ရှိ ပြင်းအားမြင့်မြေငလျင်တစ်ခု
လှုပ်ခတ်ခဲ့ကာ အိမ်များ၊ လမ်းများ၊ ရေပေးစနစ်များ ပျက်စီးခဲ့ပြီး လူသောင်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားမရရှိဘဲ
ဖြစ်နေပါတယ်။
ငလျင်လှုပ်ခတ်စဉ်နဲ့ နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် အနည်းဆုံးလူ ၁၁ ဦးဒဏ်ရာရရှိကာ ၂ ဦးသေဆုံးခဲ့ကြောင်း
ဟမ်းဘို့တ်ကောင်တီရဲအရာရှိရုံးမှ သတင်းရရှိပါတယ်။
ပစိဖိတ်စံတော်ချိန် နံနက် ၂ နာရီခွဲမှာ ဟမ်းဘို့တ်ကောင်တီ ဆန်ဖရန်ဆစ္စကိုကမ်းလွန်မြောက်ဘက် ၂၁၅ မိုင်မှာ ဗဟို
ပြုကာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲလှုပ်ခတ်မှု ၈၀ ခန့်ရှိခဲ့တာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ငလျင်သတိပေးစနစ်က အလုပ်ဖြစ်ခဲ့ဟန်ရှိပြီး ပထမဆုံးငလျင်ဒဏ်မခံစားရခင် ၁၀ စက္ကန့်အလိုမှာ
ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ လူပေါင်း ၃ သန်းရဲ့ လက်ကိုင်ဖုန်းတွေကို သတိပေးချက်ရောက်ရှိခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးမကြာခင်မှာပဲ ဖန်းဒေးလ်နဲ့ ဟမ်းဘို့တ်ကောင်တီတို့မှာ ဓာတ်အားမရရှိတော့ပါဘူး။
ထိခိုက်သွားတဲ့ ဓာတ်အားနဲ့ လျှပ်စစ်စနစ်တွေကို လိုက်လံစစ်ဆေးလျက်ရှိပြီး ရက်အတော်ကြာ ပြတ်တောက်ဖွယ်ရှိကြောင်း
သိရပါတယ်။