ငယ်ငယ်က အမှတ်တရ ညလေး….(သီတင်းကျွတ်)

(ဗြောက်အိုးဖောက်သံ) …ဖောင်း…….ဖောင်း….ဖောင်း…(အမလေး)….ဟဲ့ပလုတ်တုတ်

ဪ….ဒီကလေးတေနှယ်,,,,,, လန့်ထှာ ဆိုတာ…..တကယ်တည်းတော်….

သူတို့လေးတေလုပ်မှ…….ငါ့ငယ်ဘဝလေးတောင်….သတိရလိုက်တာ….ဟယ်

ကိုတေက တပ်မိသားစုဆိုတော့ …… ငယ်ဘဝ တော်တော်များများက ….. တပ်ထဲမှာပဲ … ရိုးရှင်းတဲ့ အမှတ်တရပေါင်းများစွာ….. ရှိခဲ့တာပေါ့…

အဲ့ဒီထဲကမှ …. သီတင်းကျွတ်အမှတ်တရလေးတစ်ခုက …

လိုင်းခန်းထဲမှာ သီတင်းကျွတ်လပြည့်နေ့ဆိုရင်….. မနက်ပိုင်းမှာ … ရဲမေတေက … တပ်ရင်းဓမ္မာရုံမှာ …. ဓမ္မစင်္ကြာရွတ်…. ရတယ်။….. အဲ့လိုရွတ်ပီဆို …. အဲ့မနက်အတွက် … ရွတ်ဖတ်ပီးရင် …. တခုခုကျွေးမွေးဖို့ …. တပ်ခွဲ  တစ်ခုခုက တာဝန်ယူရတယ် (အလှည့်ကျပေါ့)။,,,,,

အမေတေမအားရင် ….. သမီးမိန်းကလေးတွေက …. ကိုယ်စားလိုက်ရွတ်ပေးလို့ရတယ်လေ။

( တပ်ထဲက သား/သမီးတော်တော်များများက …. ဘုရားစာ အကုန်ရကြသလို/ သန့်ရှင်းရေးပိုင်း နဲ့ အချက်အပြုတ်ပိုင်းလည်း နိုင်နင်းကြတာ များပါတယ်။  )

အဲ့တော့ …ကျွန်မတို့ ကလေးတွေက အမေအစား လိုက်ရွတ်ပေးရရင်….. အချင်းချင်း .. စတာနောက်တာလေးတေရှိတယ်….

 ဟီး,…… လ္ဘက်သုတ် ဥဓပါတ္တိ…… မုန်ဟင်းခါးလေး ဥဓပါတ္တိ….. အာလောကော ဥဓပါဓိ…….ပေါ့ ကိုယ်စားချင်တာလေး ကို …စနောက်ပီး ရွတ်ကြတာ …(စတာပါ) … အဲ့လိုရှိတယ်ပေါ့။

တနေ့ခင်းလုံး …. အမေတွေက …. သီတင်းကျွတ်လပြည့်နေ့ဆိုတော့ … ဘုရားရောင်တော်ဖွင့် ‌/ ရေသပ္ပါယ်… ဘုရားပန်းလဲ…(ဘာညာ) နဲ့ ဘုရားဝေယျာဝေစ္စတွေနဲ့ လုံးပန်းနေသလို……

ကလေးတွေအနေနဲ့ကလည်း …… သန်းခေါင်စာရင်းစစ်တမ်းကောက်နေကြပါပီ…. (ဘာလို့ဆို)…. တပ်ထဲမှာ ဘယ်သူအိမ်ကို လိုက်ကန်တော့ရင် ဘယ်လောက်ရမယ်… ငါတို့က လူဘယ်နှယောက်ဆိုတော့ … ခွဲရင်ဘယ်လောက်ရမယ်။ ကန်တော့မယ့်ပစ္စည်းက ဘယ်လောက်ဖိုး … စတဲ့ … စာရင်းစစ် လုပ်ရင်း ….. ညအတွက် ကိုယ်တေလည်း လုံးပမ်းနေတာပေါ့…..

(အဓိကအိမ်တွေက….တော့… လစာကြပ်အိမ်…. ဆေးအမ်အေကြီးအိမ်… စီကြူအိမ်နဲ့… အရာရှိထဲက တပ်ထောက်ဗက…. ဗိုလ်မှူးအိမ်တချို့ပေါ့ … (ဒါအကြမ်းဖျင်းလျာထားကြတာ)…..ဘာလို့ဆို… အဲ့အိမ်တေက … ကန်တော့ပစ္စည်းအပြင် .. မုန့်ဖိုးပါ..ပြန်ထည့်ပေးလို့… (တွက်ချေကိုက်)ဟားဟား…..

 

အဲ့လိုနဲ့…. ညရောက်ပီဆို…. တပ်လေးအတွင်းမှာ… အရမ်းလှပနေရောပဲ….

တပ်ထဲမှာက … ၆ ခန်းတွဲ… ၄ခန်းတွဲ… လေးတွေဆိုတော့ … အဲ့အခန်းတိုင်းရဲ့ အိမ်ရှေ့ တရန်တာ ဘောင်ပေါ်မှာ ကိုယ်စီကိုယ်စီ ….. ည ၇ နာရီဆိုတာနဲ့ ဖယောင်းတိုင်းလေးတွေ အစီလိုက် အတန်းလိုက်လေး ထွန်းထားတဲ့ မြင်ကွင်းရယ် ,…. ကလေးတေက အိမ်ရှေ့မှာ ထွက်ပီး (ငရဲမီး ဆော့ဖို့) ပစ္စည်းစု…. မိဘတေက ဘုရားရှိခိုးပီးတာနဲ့ အိမ်ရှေ့မှာထွက်ထိုင်ပီး စကားပြော…… ( စားစရာတေက …. တအိမ်… တမျိုး…နဲ့.. အို စုံလို့ပေါ့။ )

ကိုယ်တေက ဆော့လိုက် ပြေးစားလိုက်နဲ့ အလုပ်တေရှုပ်လို့……

ည ၈ နာရီထိုးတော့ စလိုက်ကန်တော့လိုက်တာ ….ကိုယ်တေ သူငယ်ချင်း ၄ ယောက်ရဲ့ မတည် အရင်းက ၄၀၀၀ ဖိုး..( ဖယောင်းတိုင်၊ အမွှေးတိုင်၊ မုန့်၊ အချိုရည် )ပေါ့ ( ဒီခေတ်ကာလတော့  ရမယ်မထင်ပေါင်….) …… ကိုယ်တွေခေတ်က လုပ်စားခဲ့တာ….

လျာထားတွေအိမ်တွေကို လိုက်ကန်တော့လိုက်တာ…. မုန့်ဖိုးက ၃၀၀၀၀လောက်က အသာလေးပဲ…. ဟိဟိ… (ကျောင်းပိတ်ရက်မုန့်ဖိုးရှာ)…

ပီးရင်အိမ်ပြန်…. ဖေနဲ့မေကိုကန်တော့ မုန့်ဖိုးတောင်း…. ရတဲ့ပိုက်ဆံလေးတေကို …ကွန်ပါဘူးထဲ …ပြေးစုရတာအမော….

စပါပီ…. ကုန်ကျစရိတ်အနဲဆုံးနဲ့ ပျော်ဖို့ အကောင်းဆုံးက‌တော့ ငရဲမီးပဲ…..

ငရဲမီးက …ဖယောင်းချပ်ရှိရင်ရပီး… အဲ့တော့ … အိမ်တေရှေ့မယောင်မလည်နဲ့ ရစ်သီရစ်သီ ဆို အာ့ …ညထွန်းထားတဲ့ ဖယောင်းတိုင် ခိုးဖိုး ကြံနေတာ …

(ဟဲ့ကလေးတေနေအုံး ….ခုမှထွန်းတာဆိုတာဆိုလည်း မကြားချင်ယောင်ဆောင်နေတော့တာ…)

ပီးရင် တမျိုးပီးတမျိုးဆော့လိုက်ကြတာဆိုတာ …. အိမ်ပေါ်ပြန်တတ်တဲ့ချိန်က အနဲဆုံး ..၁၀ နာရီပဲ…. ( အဲ့ချိန်က…တယ်အေးချမ်းသကိုး….)

လွမ်းလိုက်ပါဘိ… … သီတင်းကျွတ်ညလေးရယ်…