ဘာမင်ဂမ်စီးတီးအသင်းကို ၃ နှစ်ခွဲစာချုပ်နဲ့ ရောက်လာခဲ့တဲ့ နည်းပြဝိန်းရွန်နီ

အသက်( ၃၇) နှစ်အရွယ် နည်းပြဝိန်းရွန်နီဟာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်စီးတီးအသင်းကို ၃ နှစ်ခွဲစာချုပ်နဲ့ ရောက်လာခဲ့ပါတယ်။ ဘာမင်ဂမ်ဟာ တစ်နှစ်ကျော်ကိုင်တွယ်လာတဲ့ နည်းပြအူစတာဆီကို ထုတ်ပယ်ပြီး ရွန်နီကို ခန့်အပ်ခဲ့တာပါ။

ရွန်နီဟာ အောင်နိုင်ရေးအတွက် မွေးဖွားလာသူဖြစ်ကြောင်း ဘာမင်ဂမ်အသင်းပူးတွဲပိုင်ရှင် တွမ်ဝက်ဂ်နာက ပြောပါတယ်။ ရွန်နီဟာ ဒါဘီနဲ့ DC United ကိုနည်းပြပြီးနောက် ဘာမင်ဂမ်ကို တာဝန်ယူတာဖြစ်ပါတယ်။