မြန်မာစစ်သင်္ဘော ၂ စီး အိန္ဒိယဆိပ်ကမ်းမြို့ Vishakhapatnam သို ရောက်ရှိ

အိန္ဒိယနိုင်ငံမှာ ပြုလုပ်မယ့် နိုင်ငံပေါင်းစုံ ရေတပ်စစ်ရေးလေ့ကျင့်မှု MILAN2024 အတွက် မြန်မာ့ရေတပ်မှ စစ်သင်္ဘောနှစ်စင်း အပါအဝင် ဒေသတွင်းနိုင်ငံများမှ စစ်သင်္ဘောတွေ ဆိပ်ကမ်းမြို Visakhapatnam သို တနင်္ဂနွေနေ့မှာ ရောက်ရှိလာခဲ့ကြကြောင်း အိန္ဒိယရေတပ် ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

MILAN စစ်ရေးလေ့ကျင့်မှုရဲ့ ၁၂ ကြိမ်မြောက် လေ့ကျင့်မှုတွေကို ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၇ ရက်နေ့အထိ Visakhapatnam မှာ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်က ရေတပ်ဖွဲ့တွေ ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

တပ်မတော်ရေမှ ဆင်ဖြူရှင် စစ်သင်္ဘောနဲ့ ကျန်စစ်သား ဖရီးဂိတ် စစ်သင်္ဘောတိုဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ Visakhapatnam မြိုကို ရောက်ရှိလာခဲ့တယ်လို အိန္ဒိယရေတပ်က ဆိုပါတယ်။

#Crd