ထိုင်းနိုင်ငံထဲခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းနိုင်ငံထဲ ခိုးဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တစ်ရက်တည်းမှာ ထိုင်း – မြန်မာနယ်စပ်က နေရာ ၂ ခုတိုကနေ ဖမ်းဆီးရမိခဲ့တယ်လို ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ထာ့ ဆောင်ယန်င်မြိုနယ်၊ မဲ့ဆောင်ရွာမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းက ဂိတ်ချစစ်ဆေးနေစဉ် စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းမောင်းနှင်လာတဲ့ 4W ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာကနေကားပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးခဲ့တာလို ဆိုပါတယ်။

အလားတူ ချွန်ဖွေန်ခရိုင်၊ ဖတိုမြိုနယ်၊ ပါ(က်)စုံကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းမောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို သတင်းအရ တားစီးစစ်ဆေးခဲ့ရာမှာလည်း အဲဒီကားပေါ်မှာလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လိုလည်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ဖမ်းမိခဲ့တဲ့အထဲမှာ ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးလည်း ပါဝင်တယ်လို သိရပြီး အဲဒီ ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေဆီ လွှပြောင်းအပ်နှံကာ တရားမဝင်ဝင်ရောက်မှုနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမယ်လို သိရပါတယ်။

#Crd