ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုကို လီဗာပူးမှရရှိ

ပြီးခဲ့သည့် ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို လီဗာပူးမန်နေဂျာ ကလော့ပ်နှင့် တိုက်စစ်မှူး ဒီယေဂိုဂျိုတာတို့က ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း သိရပါတယ်။

နည်းပြ ကလော့ပ်ဟာ ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲတွင်သွင်းဂိုး ၁၂ ဂိုးအထိသွင်းယူကာ ထိုသုံးပွဲစလုံးကို အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့၍ အာဆင်နယ်မှ အာတီတာ၊ ဝက်ဖို့ဒ်မှ ရော့ဘ်အက်ဝပ်ဒ်၊ မန်စီးတီးမှ ဂွါဒီယိုလာတို့ကို ကျော်ဖြတ်၍ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးမန်နေဂျာဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျိုတာကရရှိသွားခဲ့ပါတယ်။ ဂျိုတာဟာ ဇန်နဝါရီလမှာ ကစားခဲ့ရတဲ့ ၃ ပွဲလုံးမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုး ၃ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်ထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။