AA အဖွဲ့နဲ့ မူးယစ်ဆေးဝါးဖမ်းမိမှုဖြစ်စဉ်များ

ရခိုင့်တပ် AA အဖွဲ့ဟာလက်နက်ခဲယမ်း အပါအဝင် ဘဏ္ဍာငွေကြေးလိုအပ်ချက်အတွက် ရှမ်းမြောက်မှာရှိတဲ့ မူးယစ်ရာဇာတွေနဲ့ချိတ်ဆက်ပြီး စိတ်ကြွမူးယစ်ဆေးဝါးတွေ ကုန်သွယ်မှုပြုလုပ်နေလို့ နိုင်ငံတကာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့တွေက စောင့်ကြည့်ခံနေရတဲ့ အဖွဲ့ဖြစ်ပါတယ်။

-AA အဖွဲ့ရဲ့ မူးယစ်ကုန်သွယ်မှုလုပ်ငန်းတွေကို တပ်မတော်ထောက်လှမ်းရေးအဖွဲ့တွေကလည်း သူတို့ရဲ့ အမာခံသတင်းပေးတွေကနေတစ်ဆင့် ဖော်ထုတ်ခဲ့လို့ AA တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ပင်လယ်ရေကြောင်းက သယ်ဆောင်နေတဲ့ စိတ်ကြွဆေးပြား သန်းပေါင်းများစွာကို မကြာခဏ ဖမ်းဆီးခံနေရပါတယ်။

-ဒါ့ကြောင့် AA အဖွဲ့ဟာ မူးယစ်ဆေးဝါးသယ်ဆောင်မှုအတွက် အရပ်သားများကိုအသုံးပြုပြီး သူတို့ရဲ့ လက်နက်ခဲယမ်းသယ်ဆောင်တဲ့လမ်းကြောင်းဖြစ်တဲ့ ရှမ်းမြောက်မှ မန္တလေး- ပြည်-အမ်း လမ်းကြောင်း အတိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတစ်ဆင့် ပြည်ပနိုင်ငံများကို မူးယစ်ဆေးဝါးများ ပို့ဆောင်လျက်ရှိပါတယ်။

-AA အဖွဲ့အစီအစဉ်နဲ့ အဲ့လိုပို့ဆောင်နေတဲ့ အဖွဲ့ထဲက တစ်ဖွဲ့ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မနက် ၉ နာရီလောက်က ပြည်မြို့ နဝဒေးတံတားထိပ်မှာ ISUZU Light Truck ယာဉ်တစ်စီးပေါ်က အိမ်သုတ် ဆေးပုံးများအတွင်းမှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁၄.၁ သိန်းကို ယာဉ်မောင်း ဟိန်းပိုင်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

-ဖမ်းဆီးရမိသူကို မေးမြန်းချက်အရ မူးယစ်ဆေးဝါးသယ်ဆောင်ရေးတာဝန်ခံ ရခိုင်လူမျိုး ကျော်လှကို မင်းတုန်းမြို့ တည်းခိုခန်းမှာ ဖမ်းဆီးရမိခဲ့ပြီး အောင်ကိုလတ်၊ ဇော်မြင့်၊ လင်းလင်းထိုက်တို့ပါဝင်တဲ့ နောက်ထပ်အဖွဲ့တစ်ဖွဲ့ကို စိတ်ကြွဆေးပြား ၂.၄ သိန်း၊ မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ပါတယ်။

-ဒါကြောင့်မို့ စုစုပေါင်း စိတ်ကြွဆေးပြား ၁၆.၅ သိန်း (ကာလတန်ဖိုး ကျပ် ၃.၃ ဘီလီယံ) ကို တရားခံ ၅ ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး AA အဖွဲ့ရဲ့ အရပ်သားအယောင်ဆောင် မူးယစ်ဆေးသယ်ဆောင်သူများကို လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့ပါတယ်။

-AA အဖွဲ့ပိုင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ငြင်းဆိုခဲ့ပေမယ့် တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်များအရ ဖမ်းဆီးရမိခဲ့သူများဟာ ကိုယ်ပိုင်နံပါတ် အတိအကျနဲ့ AA တပ်ဖွဲ့ဝင်များဖြစ်နေလို့ AA အဖွဲ့ဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေကြောင်း သက်သေအခိုင်အမာနဲ့ နိုင်ငံတကာမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့တွေကို အကြောင်းကြားလျက်ရှိကြောင်း သိရှိရပါတယ်။ #Crd