စစ်တွေမှာ တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၇ ဦး သေဆုံးဆိုတဲ့သတင်းအမှား

ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေစိုက်နေထိုင်လျက်ရှိတဲ့ စစ်တွေမြို့အား AA အဖွဲ့များက ပေါက်တောမြို၊ တောင်ဖူးရွာကနေ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် ဈေးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁၄ ဦး သေဆုံးခဲ့ကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ AA အဖွဲ့ရဲ့ ယုတ်မာတဲ့လုပ်ရပ်ကို Khit Thit Media နှင့် DVB တို့မှ အမှန်မရေးဘဲ အများပြည်သူများ အထင်အမြင်လွဲမှားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပုတ်ချ၍ အောက်တန်းကျစွာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။