ဖေဖော်ဝါရီလ ၂၈ ရက် တိုက်ပွဲသတင်းများ

ဖေဖော်ဝါရီလ ၂၈ ရက်။ 💥💥💥💥💥💥💥💥💥💥

တာမခံ၊ ဆည်ဇင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆည်ဇင်း တာမခံတပ်စခန်းသို့ KIA နှင့် PDF ၅၀ ဦးခန့်က Drone၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်း ပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

လွိုင်ကော်

ကယားပြည်နယ် လွိုင်ကော်မြို့ ရွှေတောင်ဘုန်းကြီးကျောင်းအနီးသို့ KNPPနှင့် PDF ၁၅ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

Type-81 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၅ တောင့် သိမ်းဆည်းရမိခဲ့။

ဟိုပုံး၊ မိုင်းပွန်

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပွန်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNDF/ PNLOနှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က Drone ၂ စီး၊ ဗုံးသီး ၈ လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

မိမိစစ်သည် ၅ ဦးဒဏ်ရာရ။

ဆီဆိုင်

ရှမ်းပြည်(တောင်ပိုင်း) ဆီဆိုင်မြို့အတွင်း နယ်မြေရှင်းလင်းစဉ် KNDF/PNLOနှင့် PDF ပူးပေါင်းအင်အား ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

မုံရွာ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ခင်မွန်ရွာတစ်ဝိုက် နယ်မြေရှင်းလင်းရန် ထွက်ခွာလာစဉ် ကျောက်တန်းရွာအနီးသို့အရောက်-

လက်လုပ်သေနတ် ၇ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ ယမ်းမှုန့် ၁ ထုပ်၊ လက်လုပ်မိုင်း ၅ လုံးနှင့် တဲ ၅ လုံး ဖော်ထုတ်သိမ်းဆည်းရမိခဲ့။

နတ်သံကွင်း၊ ကျောက်ကြီး

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ဝန်းကျင် နယ်မြေရှင်းလင်းစဉ် နေရာ ၃ နေရာမှ KNLA တပ်မဟာ ၃၊ ရင်း(၈/၉) နှင့် PDF ၁၀၀ ဦးခန့်က Drone ဖြင့် Drop Bomb ချခြင်း၊ ၄၀ မမ လက်ဖြောင့်သေနတ်၊ လက်နက်ငယ်များဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။