ဒေသခံ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ Mizzima မှ Khit Thit နည်းတူသတင်းအတုရေး

အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာမှ မွေးကင်းစကလေးငယ်များအပါဝင် လူ ၅၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ ၂၃ ရက်မှာ မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာတွင် လက်ရှိအချိန်ထိ ဒေသခံများအေးချမ်းစွာနေထိုင်လျက်ရှိပြီး ရွာသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit နှင့် Mizzima တို့မှ အချက်အလက်ကွဲလွဲစွာဖြင့်ရေးသား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အပုတ်ချကာ အများပြည်သူများမုန်းတီးစေရန် ရည်ရွယ်ချက်ဖြင့် ဇာတ်နာအောင် လုပ်ဇာတ်ဆင်ရေးသားထားခြင်းသာဖြစ်ပါတယ်။