မင်္ဂလာရှိသော နံနက်ခင်းလေးပါ

အရောင်တွေမစွန်းထင်ရလေအောင်

လူတချို့
ငွေကြေးနောက်လိုက်ရင်
အကျင်တွေ ပျက်စီးသွားကြတယ်

လူတချို့
အောင်မြင်မှုနောက်လိုက်ရင်း
စိတ်ဓာတ်တွေ ပျက်စီးသွားကြတယ်

လူတချို့
ပျော်ရွှင်မှုနောက်လိုက်ရင်း
ဘဝတွေ ပျက်စီးသွားကြတယ်

လူတချို့
ရာထူးဂုဏ်ထူးနောက်လိုက်ရင်း
အကျင့်တွေ ပျက်စီးသွားကြတယ်

လိုချင်မှုတွေကြောင့်
မိမိရဲ ဖြူစင်နေတဲ့စိတ်ကလေး
ကိုယ်ကိုယ်တိုင်
အရောင်တွေဆိုးလိုက်ကြတယ်

ဒါကြောင့်
မိမိရဲ့ဖြူစင်နေတဲ့စိတ်ကလေး
အရောင်တွေမစွန်းထင်ရလေအောင်

လောဘတွေ
လိုချင်တပ်မက်မှုတွေကို
လျှော့ချနိုင်သမျှ လျှော့ချပါ ။🌻🌻🌻

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️