မဲလံကျေးရွာအနီးရှိ BGF စခန်းကို ဒရုန်းဖြင့်ဗုံးသီးပစ်ချတိုက်ခိုက်တယ်လို့ Mizzima မှ သတင်းအတုရေး

ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာအနီးရှိ တပ်မတော်လက်အောက်ခံကရင်နယ်ခြားစောင့်တပ် (BGF) စခန်းအား ဇူလိုင်လ ၈ ရက်နေ့၊နေ့လယ် ၁ နာရီ ၅၀ မိနစ်တွင်တစ်ကြိမ်၊ နေ့လယ် ၂ နာရီ ၄၀ မိနစ်တွင် တစ်ကြိမ် ဒရုန်ဖြင့် ဗုံးသီးလေးလုံးစီ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း Mizzima – News in Burmese မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၈ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာအနီးရှိ ကရင်နယ်ခြားစောင့်တပ် (BGF) စခန်း တွင် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ခြင်းမရှိသလို စခန်းပတ်ဝန်းကျင်တွင်လည်း ဗုံးသီးပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Mizzima – News in Burmese မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော်ဇာတ်လမ်းဆင်ကာ BGF စခန်းကို ဒရုန်းဗုံးသီး လေးလုံးပစ်ချတိုက်ခိုက်တယ်လို့ ဂုဏ်ဖော်၍ လုပ်ကြံဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။

FakeNews

FACT-CHECK