ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးရွှေကူမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ဦးသေ ၆ ဦးဒဏ်ရာရတယ်လို့ DVB TV News Page မှ သတင်းအမှားရေး

ကချင်ပြည်နယ်၊ ရွှေကူမြို့မရဲစခန်းကို ဇူလိုင် ၁၁ ရက် ညနေမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DVB TV News Page မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့မရဲစခန်းတွင် ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့တင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ DVB TV News Pageမှ ဖြစ်စဉ်အမှန်မရေးဘဲ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းဒဏ်ရာရတယ်လို့ သတင်းအမြတ်ထုတ်ကာ ဂုဏ်ဖော်ရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK