ညောင်လှချောင်းသာမှာ ရေနစ်သေဆုံးသွားတဲ့ ကလေး ၄ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့

မကွေး ညောင်လှချောင်းသာမှာ ရေနစ်သေဆုံးသွားတဲ့ ကလေး ၄ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို ဧရာဝတီမြစ်ကြမ်းပြင် ရေအောက် အနက် ၄၅ ပေ ခန့်မှ ရှာတွေ့ပြီလို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး ကော်မတီ ) ကပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ညောင်လှရပ်ကွက် (ဧရာဝတီမြစ်)ညောင်လှချောင်းသာတွင် ‌မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကလေး(၄)ဦးရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီကျော်ကမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ ယောက်ကျားလေး ၁ ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ယင်းအပြင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တွေက ညနေ ၃ နာရီ ၅၂ မိနစ်တွင် အသက် ၁၃ နှစ်အရွယ်မနိုင်နိုင်မော် အား လည်းကောင်း ၊ ၄ နာရီ ၂၃ မိနစ်တွင် အသက် ၆ နှစ်အရွယ်မောင်ဝေလျှံဆက် အား လည်းကောင်း၊ ညနေ ၄ နာရီ ၅၂ မိနစ်တွင် အသက် ၁၅ နှစ်အရွယ် မသက်ထားစံအား လည်းကောင်း ဧရာဝတီမြစ် ကြမ်းပြင် ပျမ်းမျှ ရေအနက် ၄၀-၄၅ ပေ ဝန်းကျင် မှအသီးသီး ဆက်တိုက် ဆယ်ယူပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။