ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှာ အမျိုးသား အလောင်း တစ်လောင်းတွေ့

ဧရာဝတီတိုင်း ၊ ကျောင်းကုန်းမြို့နယ် ၊ ကံကလေးအုပ်စု ဓနုံးချောင်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေး မှာ အမည်မသိရတဲ့ အမျိုးသား အလောင်း တစ်လောင်းတွေ့ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီကနေသိရပါတယ်။

အမည်မသိ အမျိုးသားရဲ့ အလောင်းကို ဓနုံးချောင်း ကျေးရွာ ၊ရန်ကုန်-ပုသိမ်ကား လမ်းမကြီးဘေးကတဲလယ်စောင့်တစ် လုံးထဲမှာ တွေ့ရှိတာဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်ဖြစ်လောက်ရှိတယ်လို့ သိရပါတယ်။

”အလောင်းက ၊အသက် ၃၀ ကျော် လောက်ရှိမယ်ထင်တယ် ၊ဓနုံးချောင်း ကျေးရွာ ရန်ကုန် -ပုသိမ် ကားလမ်းမကြီးရဲ့ဘေးမှာရှိတဲ့ ဦးဝင်းမြင့် ရဲ့ နေကြာခင်းထဲက လယ်စောင့်တဲပေါ်မှာတွေ့တာ ၊အမည်မသိသေးပါဘူး ၊ ရွာကမဟုတ်ဖူး လူစိမ်းပါ ၊အလောင်းကို ကြည့်ရတာ လတ်တလောသေဆုံးထားတဲ့ အခြေအနေပဲ ၊ ဘာဒဏ်ရာမှမတွေ့ဘူး ၊ ရဲတွေလည်း လာစစ်ဆေးသွားတယ်။”လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အဲ့ဒီတွေ့ရှိရတဲ့ အမည်မသိအမျိုးသား အလောင်းကိုရဲတပ်ဖွဲ့ကလည်း လာရောက်စစ်ဆေးခဲ့ပြီး ဓမ္မတာအ တိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ဖို့ အတွက် ကျောင်းကုန်မြို့ပြည်သူ့ ဆေးရုံကိုတင်ပို့ စစ်ဆေးထား တယ်လို့ သိရပါတယ်။