ကြည့်မြင်တိုင်ရှိ သီရိမင်္ဂလာဈေးဟောင်း ပိတ်သိမ်းရမယ်

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့ရှိ သီရိမင်္ဂလာဈေးဟောင်းအဆောက်အုံမှာ လုပ်ငန်းလုပ်ကိုင်သူတွေ ဩဂုတ်လ ၁၇ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းပြောင်းရွှေ့ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်ရှိ ကမ်းနားလမ်းက သီရိမင်္ဂလာဈေးဟောင်းအဆောက်အအုံမှာ လုပ်ငန်းလုပ်ကိုင်သူတွေကို ပိတ်သိမ်းပြောင်းရွှေ့ဖို့ ဩဂုတ်လ ၁၀ရက်နေ့ရက်စွဲနဲ့ အသိပေးစာပေးပို့ခဲ့တာဖြစ်ပါတယ်။

အဆိုပါသီရိမင်္ဂလာဈေးဟောင်းအဆောက်အုံကို အန္တရာယ်ရှိအဆောက်အဦးအဖြစ် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့မှာ သတ်မှတ်ခဲ့ကာ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်ကစပြီး လုပ်ငန်းတွေကို သက်တမ်းတိုးခွင့်မပြုဘဲ ပိတ်သိမ်းပယ်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုအခါမှာတော့ အန္တရာယ်ရှိအဆောက်အဦအဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံမှာ လူနေထိုင်းခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်းနဲ့ လုပ်ငန်းသုံးပစ္စည်းများ ထားရှိခြင်းကို တည်ဆဲဥပဒေများအရ ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

ထိုအဆောက်အဦကို ဖျက်သိမ်းတော့မှာဖြစ်တာကြောင့် နေထိုင်ခြင်းနဲ့ လုပ်ငန်းလုပ်ကိုင်ခြင်း၊ မော်တော်ယာဉ်နဲ့ လုပ်ငန်းသုံးပစ္စည်းများကို ဩဂုတ်လ ၁၇ရက်နေ့ နောက်ဆုံးထားပြီး ပိတ်သိမ်းပြောင်းရွှေ့ဖို့ အသိပေးထားတာဖြစ်ပါတယ်။

(မြန်မာ့ပလက်ဖောင်း)