ယခုလအတွင်း ပုဂံသို့ ခရီးသွား ၂ သိန်းကျော် ဝင်ရောက်ခဲ့

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံဒေသသို့ ယခု ဒီဇင်ဘာလ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ ဘုရားဖူးပြည်သူနှင့်
ခရီးသွားဧည့်သည် ၂ သိန်းကျော် ဝင်ရောက်ခဲ့သလို နစ်သစ်ကူး ရုံးပိတ်ရက်အတွက် ကြိုတင်ဘိုကင်ပြုလုပ်ထားမှု
ကြောင့် ဟိုတယ် နှင့် တည်းခိုရိပ်သာများအပါအဝင် စည်ပင် ဧည့်ရိပ်သာတိုတွင် အခန်းအားလုံးပြည့်နေပြီဖြစ်ကြောင်း
ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)ထံမှ သိရသည်။