အမျိုးသားတစ်ဦး ၄လွှာအမြင့် တိုက်ပေါ်ကနေ ခုန်ချမှု ဖြစ်ပွား

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာ ၁ မှ အမျိုးသားတစ်ဦး ၄လွှာအမြင့် တိုက်ပေါ်မှ ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ “ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှု အထောက်အကူပြုဖွံ့ဖြိုးရေးအသင်း မှ သိရပါတယ်။

မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းမပေါ် သမိုင်းမုဒိတာအိမ်ရာ(၁) (B) ဆောင် (၄)လွှာရှိ အခန်းတစ်ခန်းမှ အမျိုးသားတစ်ဦးခုန်ချ၍ ထိခိုက်ဒဏ်ရာရရှိမှု ဇူလိုင် ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန့်က ဖြစ်တာလို့ ဆိုပါတယ်။

ခုန်ချသည့် အမျိုးသားမှာ အသက် ၂၅ နှစ် ဝန်းကျင်ခန့်သာရှိပြီး ပြုတ်ကျတဲ့အရှိန် သတိလစ် မေ့မြောနေလို့ အသင်းကနေ အောက်ဆီဂျင်ပေးပြီး အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။