တောင်သာမြိုရှိ ဦးဆင့်ရတနာရွှေဆိုင်အား အကြမ်းဖက် PDF အဖွဲ့များမှ ဓားပြတိုက်

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့ နေ့လည်၁၄၂၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြိုနယ်၊
အမှတ် (၄)ရပ်ကွက်၊ အရှေ့ဈေးတောင်ဘက်ရှိ ဦးဆင့်ရတနာရွှေဆိုင်သို အကြမ်းဖက်pdf ၄ ဦးမှ ဆိုင်ကယ်
၂ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတို ၄ လက်အား ထုတ်ပြ၍ ဆိုင်ဝန်ထမ်းများအား မှောက်နေရန် ခြိမ်းခြောက်ခဲ့ပြီး
ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများထည့်ထားသည့် ကောင်တာမှန်များအား ရိုက်ခွဲ၍ ရွှေထည်ပစ္စည်း ၁.၄ ပိဿာခန့်၊
ကာလတန်ဖိုး ၃၇၅၂ သိန်းကျပ်ခန့်အား ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။