AGD ဘဏ်နှင့် လက်တွဲဖြုတ်ကာ MAB နဲ့ ပြောင်းလဲလက်တွဲမယ့်True Money

ဘဏ်လုပ်ငန်းဆိုင်ရာ လက်တွဲလုပ်ဆောင်မှုတွေကို AGD ဘဏ်နှင့် ဒီဇင်ဘာ ၁၆ ရက်မှစ၍ လက်တွဲဖြုတ်လိုက်ပြီး
မြန်မာ့ရှေ့ ဆောင်ဘဏ် (MAB) နှင့် ပြောင်းလဲလုပ်ကိုင်သွားမှာဖြစ်တယ်လို့ ထိုင်းအခြေစိုက် ငွေကြေးဝန်ဆောင်မှု
လုပ်ငန်း True Money က ကြေညာလိုက်ပါတယ်။
True Money ရဲ့ ဒီဇင်ဘာလကုန်ပိုင်းက ကြေညာချက်အရ ထိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် AGD ဘဏ်
နှင့် ၂၀၁၅ ခုနှစ်တွင် စတင်လက်တွဲခဲ့ခြင်းဖြစ်ကာ AGD ဘဏ်ခွဲများနှင့်ချိတ်ဆက်၍ ပြည်တွင်းရှိနေရာ (၁,၀၀၀)
ကျော်တွင် ငွေကြေးဝန်ဆောင်မှုများပေးခဲ့တယ်လို ဝက်ဆိုက်တွင် ဖော်ပြထားပါတယ်။
True Money ၏ အုပ်ချုပ်မှူဒါရိုက်တာ Mrs. Kyi Thar Romanet က ” TrueMoney
မြန်မာနိုင်ငံမှာ (၈) နှစ် ပြည့်မြောက်တဲ့နေ့မှာ မြန်မာ့ Apex Bank နဲ့ ပူးပေါင်းဆောင်ရွက်ဖို မြန်မာနိုင်ငံတော်
ဗဟိုဘဏ်က တရားဝင်ခွင့်ပြုချက်ရခဲ့ပြီး၊ Mobile Banking ညွှန်ကြားချက်များအောက်တွင် မိုဘိုင်း ငွေကြေး
ဝန်ဆောင်မှုများအတွက် MAB နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံရှိ FinTech နယ်ပယ်တွင် TrueMoney၏
ရပ်တည်ချက်ကို ခိုင်မာစေပြီး ကျွန်တော်တို၏ ဖောက်သည်များ၊ အေးဂျင့်များနှင့် ဖြန့်ဖြူးသူများအတွက် ပိုမိုပြည့်စုံ
သောဘဏ္ဍာရေးဝန်ဆောင်မှုများပေးဆောင်နိုင်စေခဲ့တယ်” လို ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။
True Money ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် True Money
နှင့် MAB ဘဏ်တို့ ပူးပေါင်းကာ ငွေလွှဲ၊ ငွေထုတ်ခြင်း၊ ဖုန်းဘေလ်နှင့် အခြားဘေလ်ပေးဆောင်ခြင်းအပြင် MAB
အသုံးပြုသူတို့အတွက် e-wallet နှင့် ဆက်စပ်သောငွေထုတ်ငွေသွင်းလုပ်ငန်းများပေးမယ်လို ဆိုထားပါတယ်။
Myanmar Apex Bank (MAB) ၏ အမှုဆောင်အရာရှိချုပ် ဦးကျော်နီခင်ကလည်း “မြန်မာနိုင်ငံတွင်
တန်ဖိုးရှိသော သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် MAB နှင့် TrueMoneyတို့
ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။
ကျွန်တော်တို MAB ဟာ မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဘဏ်လုပ်ငန်းလိုအပ်ချက်များနှင့် စဉ်ဆက်မပြတ် တိုးတက်
ပြောင်းလဲလာစေရန် အမြဲကြိုးစားနေပါသည်။ ဒီပူးပေါင်း ဆောင်ရွက်မှုက မြန်မာပြည်သူတွေရဲ့ဘဝအပေါ် အပြု
သဘောဆောင်တဲ့ သက်ရောက်မှုတွေ ယူဆောင်လာမယ်လို ယုံကြည်ပါတယ်။”လို ပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံ အခြေစိုက် True Corporation ပိုင်ဆိုင်သည့် True Money သည် အာဆီယံဒေသတွင်း
၇ နိုင်ငံတွင် ဝန်ဆောင်မှုများပေးနေပြီး မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ပေါင်း ၂၃,၀၀၀ ကျော်ရှိတယ်လို သိရှိရပါ
တယ်။ မြန်မာနိုင်ငံထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ AGD ဘဏ်ရဲ့ တည်ထောင်သူလည်း ပြည်တွင်းက လူသိ
အများဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇကို အမေရိကန်အစိုးရက ပြီးခဲ့သည့်နှစ် မတ်လတွင် အရေးယူပိတ်ဆို့
ခဲ့တဲ့အပြင် ဗြိတိန်နိုင်ငံကလည်း ဦးတေဇနှင့် ၎င်းပိုင် ထူးကုမ္ပဏီအုပ်စုကို ဒဏ်ခတ်အရေးယူကြောင်း ကြေညာခဲ့ရာ
AGD ဘဏ်နှင့် ဆောင်ရွက်သည့် နိုင်ငံတကာငွေပေးချေမှု ဝန်ဆောင်မှုအချို့ရပ်ဆိုင်းခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း
ရှိခဲ့တယ်လို့ သိရပါတယ်။