နွားထိုးကြီးမြိုနယ်တွင် PDF များက ဈေးသည်အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

ဇန်နဝါရီ ၄ရက်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြိုနယ်၊ ဂွေးပင်တောလမ်းခွဲတွင် PDF အကြမ်းဖက်သမားများက ဈေးသည်အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ ဂွေးပင်တောကျေးရွာနေ ဦးသန်းလင်းအောင် (၄၅) နှစ်သည် ဈေးရောင်းချနေစဉ် ဆိုင်ကယ် ၃ စီးဖြင့် ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၆ ဦးရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးသန်းလင်းအောင်တွင် ဝဲပါး၊ ယာနားထင်၊ ဝဲလက်ကောက်ဝတ်နှင့် ယာနံဘေးတို၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်၊ ဝဲပေါင်ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်တိုရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။