ရုရှား – မြန်မာတိုက်ရိုက် လေကြောင်းခရီးစဉ်ပြေးဆွဲမည်

ရုရှား- မြန်မာတိုက်ရိုက်လေကြောင်း ခရီးစဉ်အနေဖြင့် ရန်ကုန်လေဆိပ်နဲ့မန္တ‌လေး တံတားဦး လေဆိပ်မှတဆင့် ရုရှားနိုင်ငံ နိုဗိုဆီဘီရက်စ်ခ် ခရီးစဉ်ကိုလာမယ့်စက်တင်ဘာ (၅) ရက်မှ စတင်ကာ MAI လေကြောင်းလိုင်းမှပျံသန်းမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ သိရပါတယ်။

Myanmar Airway International (MAI)အနေနဲ့ ယင်းခရီးစဉ်ကို အပတ်စဉ် အင်္ဂါနဲ့ စနေနေ့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အမေရိကန်ဒေါ်လာ 409 ဒေါ်လာဟုသတ်မှတ်ထားကာ ခရီးစဉ်လမ်းကြောင်းသစ်ကို မြန်မာနိုင်ငံရှိ နာမည်ကြီး ပြည်တွင်းခရီးစဉ်များဖြစ်တဲ့ ငပလီ ၊ ဟဲဟိုး၊ ပုဂံ ၊ ညောင်ဦး ခရီးစဉ်တို့တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရပါတယ်။

(မြန်မာ့ ပလက်ဖောင်း)