မိကျောင်းအသိုက်ဖွဲ့ရာသီဖြစ်လို့ သတိပြုသွားလာဖို့ အသိပေး

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းမှာ မိကျောင်းအသိုက်ဖွဲ့ရာသီဖြစ်လို့ အနီးနားက ရွာပေါင်း ၃၀ ကျော်ကို သတိပြုသွားလာဖို့ အသိပေးမှုတွေ လုပ်ဆောင်နေတယ်လို့ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

“မိကျောင်းသိုက်က ဇူလိုင် သြဂုတ်လတွေမှာ အသိုက်ပြုလုပ်နေပါတယ်။ အဓိက မိကျောင်းတွေက မိတ်လိုက်သားပေါက်ချိန်တို့ အစာအာဟာရတို့ကြောင့် တိရစ္ဆာန်တွေကို ချောင်းမြောင်းရင်း လူတွေ ဆင်းတဲ့ အချိန် အစာအမှတ်နဲ့ဆွဲတာရှိပါတယ်။ ဧရာဝတီတိုင်းတစ်တိုင်းလုံးမှာ ရေတက်တဲ့နေရာမှာဆိုရင် ရေချို၊ ရေငန်စပ်မိကျောင်းဖြစ်တဲ့အတွက် အရင်ကတည်းက သဘာဝအတိုင်းသွာလာနေထိုင် ကျက်စားကြလို့ သားပေါက်တဲ့ ရာသီ မိတ်လိုက်တဲ့ ရာသီမှာ သတိထားသွားလာကြဖို့ သတိပေးနှိုးဆော်လိုပါတယ်”လို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူကပြောပါတယ်။