စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၃) ရပ်ကွက်တွင် PDFများနှင့် ပတ်သက်ဆက်နွယ်သူအား ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီခွဲခန့်တွင် ကန့်ဘလူမြို့၊ အမှတ်(၃) ရပ်ကွက်တွင်နေထိုင်သော ထွန်းထွန်းခိုင်သည် PDF အကြမ်းဖက်သမားများနှင့်ပတ်သက်ဆက်နွယ်နေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ ၎င်း နေအိမ်သို့ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အထောက်အထားများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။
အဖျက်အမှောက်တွေလုပ်နေတဲ့ PDF အကြမ်းဖက်သမားများကို ပြည်သူများက မလိုလားတော့ဘဲ လုံခြုံရေးအဖွဲ့များနှင့်အတူ သတင်းပေးပါဝင် ပူးပေါင်းလျက်ရှိကြောင်း သိရှိရပါတယ်။

crd;