ဇွန်လ ၁၅ ရက်နေ့ မှုခင်းသတင်းများ

-ဇွန်လ ၁၄ ရက်နေ့ ၀၇၃၀ နာရီချိန်တွင် မတ္တရာမြို့နယ်၊ ရေနံသာကျေးရွာတွင်နေထိုင်သော ဦးဖိုးကျော်(၆၀) နှစ်သည် ရွာအနီးတံတားပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်နေမှုများအား သွားရောက်ကြည့်ရှု့စဉ် အကြမ်းဖက်သမား pdf ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သွားသောကြောင့် ဦးဖိုးကျော် မှာ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၄ ရက်နေ့ ၁၂၁၅ နာရီချိန်တွင် နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာတွင် နေထိုင်သော မခင်ယုယုနွယ်(ခ))ရှမ်းမ (၂၉) နှစ်သည် မြင်းနီကျေးရွာမှ သူစိုးကျေးရွာသို့ ဈေးရောင်းသွားစဉ် အကြမ်းဖက်သမား pdf များမှ ဆိုင်ကယ် ဖြင့် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် မခင်ယုယုနွယ်မှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၄ ရက်နေ့ ၀၉၀၀ နာရီချိန်တွင် သပိတ်ကျင်းမြို့နယ်၊ လက်ပန်ကုန်းကျေးရွာတွင် နေထိုင်သော ဦးမောင်သောင်း (၅၇) နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား pdf ၈ ဦးခန့်မှ ရောက်ရှိလာပြီး ဒလန်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မန္တလေး-ဗန်းမော်သွားကားလမ်း မိုင်တိုင်အမှတ်၊ ၃၄/၂ နှင့် ၃၄/၃ ကြားတွင် ဓားဖြင့် ထိုးသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ.

-ဇွန်လ ၁၄ ရက်နေ့ ၀၉၀၀ နာရီချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းကျေးရွာတွင် နေထိုင်သော ဦးဟန်ညွန့်(၅၇) နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား pdf ၈ ဦးခန့်ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ပန်ကုန်းကျေးရွာနှင့် ဆယ်ဇင်းကုန်းကျေးရွာအကြားရှိ မန္တလေး-ဗန်းမော်သွားကားလမ်း မိုင်တိုင်အမှတ် ၊၃၃/၇ နှင့် ၃၃/၈ အကြားတွင် ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..