လျှပ်စစ်သုံးမော်တော်ယာဉ် (၅၀)စီး ရန်ကုန်ဆိပ်ကမ်းသို ရောက်ရှိ


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd မှ တင်သွင်းလာသည့် Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ၅၀ (၇-၄-၂၀၂၃) ရက်နေ့က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သိရသည်။
လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။
ဆက်စပ်၍ လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များလည်း ယမန်နေ့က ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိကြောင်း သိရသည်။