မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

အပေါ်ယံတွေအတွက်ကို
စိတ်နက်ပြီးတော့ လိုက်မခံစားပါနဲ့ ။

အချိန်တန်ရင် ပြီးသွားမှာဖြစ်လို့
သည်းခံပြီးတော့ နေလိုက်ပါ ။

အမြဲအဆင်ပြေနေတယ်လို့
ဒီလောကကြီးမှာ ဘယ်ရှိပါ့မလဲ ။

အစိုးမရတာကြီးကို
အစိုးရချင်တာဟာပင်ပန်းပါတယ် ။

မုန်းတဲ့သူတွေကို အချိန်မပေးနဲ့
သူတို့ထက် မုန်းစရာကောင်းတဲ့
ကိုယ့်ခန္ဓာအတွက် အချိန်ပေးပါ ။

မတရားတာတွေကိုပဓာနမထားနဲ့
ကိုယ့်စိတ်လေးတရားနဲ့သာ
နေတတ် ကျေနပ်နေဖို့ လိုပါတယ် ။

ဘယ်တော့မှ မပြည့်၀နိုင်တဲ့
တဏှာအတွက်အချိန်တွေမဖြုန်းနဲ့

ကုသိုလ်အတွက်ကိုပဲအချိန်ပေးပြီး
ချမ်းသာရာကို ရှာဖွေတတ်ပါစေ ။

ခဲယဥ်းစွာရလာတဲ့ လူ့ဘ၀မှာ
သူများအတွက်ကို ထိုက်သလောက်ပဲ
အချိန်ပေးပြီးတော့ ကိုယ့်ဖို့လည်း
ထည့်တွက်စဥ်းစားတတ်ဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏