မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌱လွယ်လွယ်လေးနဲ့မရဘူး🌱

အလုပ်လုပ်တော့မယ်ဆိုရင်
အရေးအကြီးဆုံးက
စိတ်ဓာတ်မကျဖို့ပဲ လိုပါတယ်။

ပန်တိုင်းဆီကိုသွားတော့မယ်ဆိုရင်
အရေးအကြီးဆုံးက
အားမလျှော့လိုက်ဖို့ပဲ လိုပါတယ်။

ယှဉ်ပြိုင်တော့မယ်ဆိုရင်
အရေးအကြီးက
သူတစ်ပါးအထင်မသေးဖို့ပဲ လိုပါတယ်။

စကားပြောတော့မယ်ဆိုရင်
အရေးအကြီးဆုံးက
မှန်သောစကားတွေဖြစ်နေဖို့ပဲ လိုပါတယ်။

စစ်မှန်တဲ့ အောင်မြင်မှုကို
တကယ်ရယူပိုင်ဆိုင်ချင်တယ်ဆိုရင်
မှန်ကန်တဲ့ကြိုးစားမှုတွေနဲ့ ကြိုးစားမှပဲ
အမှန်တကယ် အောင်မြင်မှုတွေရနိုင်မယ်။

ဒီလိုမှမဟုတ်ပဲ
အောင်မြင်မှုကို လွယ်လွယ်လိုချင်ရင်တော့
တန်ဖိုးမရှိတဲ့ အောင်မြင်မှုတွေပဲ ရလိမ့်မယ်။

တန်ဖိုးရှိတဲ့အရာက
ဘယ်တော့မှလွယ်လွယ်လေးနဲ့ မရနိုင်ဘူး။

🙏✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️🙏