မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အချိန်တွေနည်းလာပြီမို့လို့🌷

လေးတာတွေနဲ့
ဝေးဝေးမှာ နေချင်လာတဲ့အခါ

မဆိုင်တဲ့သူများအကြောင်းတွေဆို
စိတ်၀င်စားပြီး မသိချင်တော့ဘူး ။

ကိုယ်ရှင်းလို့မရတဲ့
သူများရဲ့ စိတ်ဒုက္ခဆိုးတွေကို
အချိန်ကုန်ခံပြီး မရှင်းချင်တော့ဘူး ။

အတိတ်အရိပ်ဆိုးတွေနဲ့လည်း
တဖန်ပြန်ပြီး မချယ်သချင်တော့ဘူး ။

ပူရမယ့်အရာတွေကိုလည်း
ဖက်တွယ်ပြီး မရှင်သန်ချင်တော့ဘူး ။

လက်ရှိအနေထားမှာ
ကိုယ့်ကြောင့် သူများစိတ်မဆင်းရဲအောင်
အကုသိုလ်တွေ မဖြစ်ရအောင်ပဲ
တတ်နိုင်သမျှ ကြိုးစားနေမယ် ။

ပစ္စုပ္ပန် ဘ၀ စာမျက်နှာမှာ
သမိုင်းကောင်းတွေ ရေးပြီးတော့

လွပ်လပ်အေးချမ်းမှု့တွေကို
တရားနည်းလမ်းတွေနဲ့ ရှာဖွေယူမယ် ။

ရောင့်ရဲခြင်းတွေကို ဘောင်ကွက်လို့
အေးမြမှု့မေတ္တာပန်းတွေကို
မနွမ်းအောင်ပဲ စိုက်ချင်တော့တယ် ။

နည်းလာတဲ့ အချိန်တွေကို
မမေ့လျော့စွာနဲ့ အသုံးချနိုင်အောင်
ကိုယ့်ကိုယ်ကို တိုက်တွန်းနေတော့တယ် ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏