ကုမ္ပဏီ ၂ ခုမှ တင်သွင်းလာသည့် လျှပ်စစ်ကားများ ပထမဆုံးအကြိမ် ရောက်ရှိလာပြီ

“လျှပ်စစ်သုံးတက္ကစီအဖြစ် ရန်ကုန်လေဆိပ်တွင်အခြေပြု၍ တက္ကစီ ၁၀ စီးနှင့် နေပြည်တော် သပြေကုန်းဈေးတွင်အခြေပြု၍ တက္ကစီ ၁၀ စီး စတင်ပြေးဆွဲကြမည်”

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ စိတ်ပါဝင်စားသည့် ကုမ္ပဏီ ၂၆ ခုမှ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီသို လာရောက်တွေ့ဆုံပြီး ဆောင်ရွက်မည့်အစီအမံအသေးစိတ်များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ်ခွင့်ပြုပေးလျက်ရှိရာ Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd. တိုမှ ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လျှပ်စစ်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ မြန်မာနိုင်ငံသို ပထမအကြိမ် တင်သွင်းရောက်ရှိခဲ့သည်ဟု သိရသည်။