လီဗာပူးလ်အသင်းရဲ့ လက်ရှိရင်ဆိုင်နေရသည့်အခြေအနေများ

သည်ရာသီရာအစက လီဗာပူးလ်တို့ အဆင့်၉ မှာ ရှိနေလိမ့်မယ်လို့ ပြောရင်
ဟာသပဲလို့ ပြောခံရမှာကျိန်းသေပါတယ် ပရီးမီးယားလိဂ် Big 6 ထဲမှာတောင် ချန်ပီယံ
ဆုအတွက်ရေးပန်းစားတဲ့အသင်းဖြစ်တာမို့ သည်လိုပြောဆိုနေရင် ရူးနှမ်းရာကျခဲ့မှာပါ
ဒါပေမယ့် သည်ရာသီ လီဗာပူးလ် တရိပ်ရိပ်ထိုးဆင်းလာပုံက အဆင့်၉ ကနေ တက်မလာနိုင်သေးတဲ့အထိပါပဲ
ဒါဟာ မာနေးထွက်ခွာသွားမှုတစ်ခုတည်းပေါ် အပြစ်ပုံချရလောက်တဲ့ ပြဿနာမဟုတ်ပါဘူး

“ဟန်ဒါဆင် + ဖာဘင်ဟို “
သည်အတွဲဟာ နှစ်အတော်များများမှာ တကယ့်ပွဲကြီးပွဲကောင်းတွေမှာ ခြေစွမ်းပြ ခဲ့တဲ့အတွဲပါ
ဒါပေမယ့် ပြီးခဲ့တဲ့ ရသတ္တပတ်အတော်တော်များများက ပွဲစဥ်တွေမှာတော့ သည်အတွဲရဲ့ စွမ်းဆောင်မှုက
မေးခွန်းထုတ်ချင်စရာပါပဲ တစ်ခါတရံမှာ အပြောထက် အလုပ်နဲ့ သက်သေပြနိုင်ဖို့လိုပါတယ်
စာရွက်ပေါ်ကလူစာရင်းကတော့ ဘယ်နည်းနဲ့မျှ လီဗာပူးလ်တို့ သည်အဆင့်ကိုရောက်နေစရာအကြောင်းမရှိပါဘူး
လွန်ခဲ့တဲ့ရက်ပိုင်းက ဂျာဂျင်ကလော့ပ်က အသင်းရဲ့ ကွင်းလယ်ပြဿနာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ဒါပေမယ့်
လီဗာပူးလ်မှာ ကွင်းလယ်တင်မဟုတ်ပဲ အသင်းရဲ့ ဖွဲ့စည်းပုံ , ယုံကြည်မှုတွေမှာပါ ပြဿနာ ရှိနေတဲ့ပုံပါ
သို့သော်လည်း ကလေ့ာပ်ပြောတဲ့ ကွင်းလယ်ပြဿနာကလည်း အသင်းအတွက် ကြီးမားနေပြီး
ဟန်ဒါဆင် +ဖာဘင်ဟို အတွဲ ကလည်း စိုးရိမ်စရာကောင်းတဲ့ ခြေစွမ်းအခြေအနေကိုရောက်နေပါတယ်
အသင်းတွက် တိုက်စစ်မြင့်တင်မှုလိုအပ်နေချိန်မှာတောင် အန္တာရယ်များတဲ့ပေးပို့မှုတွေ
နောက်ပြန်ပေးမှုတွေ ခဏခဏမြင်တွေ့နေရပါတယ် ဒါကြောင့်လည်း ကလော့ပ်ဟာ
နောက်ပိုင်းပွဲစဥ် တွေမှာ Bejcetic ,Keita, Tiago အတွဲကိုပွဲထုတ်အသုံးပြုနေခဲ့တာဖြစ်ပါတယ်
ပြီးခဲ့တဲ့ ဘရိုက်တန်ကို ဂိုးပြတ်ရှုံးတဲ့ပွဲမှာ ကလော့ပ်ဟာ အသင်းအတွက်အခင်းအကျင်းအသစ်ဖြစ်တဲ့
3-4-1-2 ပုံစံမျိုးကိုအသုံးပြုခဲ့ပြီး ဟန်ဒါဆင် ဖာဘင်ဟို အတွဲကို ပွဲထုတ်ခဲ့ပါတယ် ဒါပေမယ့် ကွင်းလယ်
ခံစစ်ပိုင်းက ဖြတ်ကျော်ရအလွန်လွယ်ကူခဲ့ပြီး ဘရိုက်တန်က မီတိုမာ ကို ထိန်းမနိုင်ခဲ့ပါဘူး
ဒါကြောင့်ဒုတိယပိုင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ် ကလော့ပ်ကိုယ်တိုင် က ပြီးခဲ့တဲ့ရာသီတွေမှာ အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ကစားသမားတွေမို့ ထူးထူးခြားခြား အခွင့်အရေးပေးနေမှာမဟုတ်ဘဲ လာမယ့်ပွဲစဥ်တွေမှာခြေစွမ်းမပြနိုင်ရင်ခေါက်ထားမယ်လို့ ထုတ်ဖော်ပြောရတဲ့အထိပါပဲ တစ်ဖက်မှာလည်း ၃၁ နှစ်အရွယ် ဖာမီနို နဲ့ ၃၇ နှစ်အရွယ် ဂျိမ်းစ်မီနာတို့ကို နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်း တိုးဖို့ ကလော့ပ် ဆန္ဒရှိနေတာဟာ သူ့ရဲ့ လက်ရှိလူစာရင်းကို ကိုယ်တိုင် အားမရ လို့ဖြစ်နိုင်ပါတယ် ဒါပေမယ့် ဟန်ဒါဆင်ကို ၄နှစ်သက်တမ်းထိုးဖို့ တွန်းအားပေးခဲ့တာလည်း ကလော့ပ်ပဲဖြစ်ပါတယ် ၂၀၂၁ ခုနှစ်တုန်းက ဟန်ဒါဆင် က သည်လိုမျိုးမဟုတ်သေးဘဲ ခြေစွမ်းကောင်းတွေပြသနေခဲ့လို့လည်းပါဝင်ပါတယ် တကယ်တော့ ဟန်ဒါဆန်ဟာ ဇွန်လဆို ၃၃ ပြည့်တော့မှာပါ ဖာဘင်ဟိုကတော့ ၃ နှစ်ပိုငယ်ပါတယ် ဒါပေမယ့် ဟန်ဒါဆင်ထက်တာင် အသက်ကြီးတဲ့ပုံပေါ် နေပြီး ပြီးခဲ့တဲ့ရာသီတွေက ခြေစွမ်းကိုပြန်ရဖို့ အတော်လေးရုန်းကန်နေရတာပါဖာဘင်ဟိုဟာ အသင်းကြီးတွေနဲ့ တွေ့တဲ့ပွဲစဥ်တွေဖြစ်တဲ့ မန်ယူ ,အာဆင်နယ် နဲ့ ချဲလ်ဆီးပွဲတွေမှာအရံခုံမှာသာမြင်ခဲ့ရပြီး ဟန်ဒါဆင်ကတော့ မန်စီးတီး စပါးစ်တို့နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ် ဒါဟာ ပြီးခဲ့တဲ့နှစ်တွေက ဥရောပတစ်ခွင်ထိခြိန်းခြောက်ခဲ့တဲ့ ကွင်းလယ်အတွဲအပေါ် ကလော့ပ် အယုံအကြည်မဲ့လာတဲ့သဘောဖြစ်ပါတယ် သူတို့အစား မီလ်နာ ဘက်စီတစ် ကီတာ အီးလီးရော့ တို့ကိုပွဲထွက်စေခဲ့တာက သည်အချက်ကို ပေါ်လွင်နေစေပါတယ်တကယ်တော့ သူတို့ နှစ်ယောက်လုံးက ထိပ်တန်းခြေစွမ်းရှိခဲ့တာတော့ အသေအချာပါပဲ ဒါပေမယ့် အသင်းမှာ ဆက်လက်ပါဝင်ချင်ယင်တော့အရင်လိုခြေစွမ်းမျိုးရအောင် ကြိုးစားရမှာဖြစ်ပါတယ် လီဗာပူးလ် ကွင်းလယ်မှာ မှာ သူတို့ နှစ်ယောက်ပဲရုန်းကုန်နေရတာလား ဆိုရင်လည်းမဟုတ်သေးပါဘူး အခြားသောပြဿနာအနည်းငယ်လည်းရှိနေပါသေးတယ် မီလ်နာ ကီတာ ချိန်ဘာလိန် တို့ဟာ ရာသီကုန်ရင် သက်သမ်းကုန်မှာဖြစ်သလို ကာတစ်ဂျုံးစ်ကလည်း ရာသီကုန်ထိ ကစားနိုင်မှာမဟုတ်သေးပါဘူးဂျူဗီကရောက်လာတဲ့ အာသာမဲလ်လို ဆို ဘယ်ရောက်နေမှန်းတောင်မသိရပါဘူး အီးလီးရော့ နဲ့ ဖေဘီယိုကာဗယ်ဟို တို့က ပါရမီပါတဲ့ ကစားသမားတွေဖြစ်ပေမယ့် ကွင်းလယ်ထက် တိုက်စစ်ကိုအားသန်သူတွေပါ Bajcetic ကလည်း ခြေစွမ်းမဆိုးလှပေမယ့် အသက်အရွယ်ငယ်လွန်းသေးပြီး တစ်ရာသီလုံး သုံးဖို့ထက်စာရင် အတွေ့အကြုံနဲ့သင်ယူမှုတွေ လိုအပ်နေသေးတဲ့ ကစားသမားဖြစ်ပါတယ် သီယာဂို ကတော့ အချို့အားနည်းချက်တွေကို ကုစားပေးနိုင်စွမ်းရှိပေမယ့်သူကလည်း တစ်ပတ်ကို ၂ပွဲ ၃ပွဲကစားနိုင်သူမဟုတ်ပါဘူးဒါကြောင့်လည်း လီဗာပူးလ်ဟာ အင်္ဂလန်စတား ဂျိတ်ဘယ်လင်ဟမ်ကို အသဲအသန်လိုက်နေတာဖြစ်ပါတယ် ဒါပေမယ့် ဘယ်လင်ဟမ်ရောက်လာရင်တောင် သည်ကွင်းလယ်ပြဿနာက အလုံးစုံ ငြိမ်းအေးသွားမှာမဟုတ်သေးပါဘူး အသင်းဟာအဆင့်မီကွင်းလယ် အင်ဂျင်တစ်ခုပြန်လည်တပ်ဆင်ရမယ့်သဘောမှာရှိနေပြီး ထိပ်တန်းကစားသမား ၂ယောက် ဒါမှမဟုတ် ၃ယောက်လောက်ထိလိုအပ်နေပါတယ်..ဘာပဲဖြစ်ဖြစ် ဟန်ဒါဆန် ဖာဘင်ဟိုတို့ဟာ ကလော့ပ်ရဲ့ လီဗာပူးလ်တစ်ခေတ်ကို ဆန်းသစ်စေခဲ့တဲ့အတွဲဖြစ်ပါတယ် လက်ရှိအချိန်မှလည်း ပါဝင်ခွင့်ရတာနဲ့ ရေကုန်ရေခမ်း ကစားပေးနေကြဆဲပါ ..အသက်အရွယ်နဲ့ ခြေစွမ်းကြောင့်သာ လက်ရှိရုန်းကန်နေရတာဖြစ်ပြီး သူတို့ ရုန်းကန်နေရခြင်းက လီဗားပူးလ် ရုန်းကန်နေရခြင်းရဲ့ တစ်ပိုင်းတစ်စလည်းဖြစ်နေပါတယ် ဒါကြောင့် ကွင်းလယ်အင်ဂျင်ကို မပြင်နိုင်သေးသမျှ ကလော့ပ်ရဲ့ လီဗာပူးလ်တစ်ခေတ်က ကုန်ဆုံးပြီလို့မပြောနိုင်သေးသည့်တိုင်အချိန်အတိုင်းအတာတစ်ခုထိတော့ ရပ်တန့်နေဦးမှာဖြစ်ကြောင်း တင်ဆက်လိုက်ရပါတယ်
crd;