ရှမ်းပြည်နယ်မှာ ကားတိုက်မှုဖြစ်ပွား၊ အမျိုးသမီး ၁ ဦးသေဆုံ၊ ၂ ဦးထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ် သိန်းနီ-ကွမ်းလုံပြည်ထောင်စုလမ်းမကြီးမှာ ကားတိုက်မှုဖြစ်ပွားပြီး ကားမီးလောင်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်မှ သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ နမ့်စလပ်ကျေးရွာအုပ်စု၊ သိန်းနီ-ကွမ်းလုံပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၆/၇) အနီး တွင်ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားမီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး အနက် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)၊ အမျိုးသမီး (၁)ဦး (သေဆုံး) တို့အား သိန်းနီမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ယင်းဖြစ်စဉ်ကို သိန်းနီမြို့နယ်မီးသတ်စခန်းမှ Foam (အမြှုပ်ဆေးရည်) မီးငြှိမ်းသတ်ယာဉ် (၁)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။