ဩဂုတ်လ ၇ ရက်နေ့ မှုခင်းသတင်းများ

  • ဩဂုတ်လ ၆ ရက် ၁၆၀၀ အချိန်ခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နေ ဦးစောဝင်း (၆၄)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦး ခန့်က လက်နက်ငယ်များကိုင်ဆောင်၍ ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာပြီး ငှက်တံ တားကျေးရွာဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။
  • ဩဂုတ်လ ၆ ရက် ၁၄၃၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံ မြို့နယ်၊ မြခါးပတ်ကျေးရွာနေ ဦးမျိုးဇော်လတ် (၃၇) နှစ်သည် မြခါးပတ် ကျေးရွာရှိ မိဘများနေအိမ်မှ ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်သို့ပြန်လာစဉ် အင်းဇောက်ကျေးရွာသို့အရောက် PDF အကြမ်းဖက် သမားများမှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ ကြောင်း သိရှိရ။
  • ဩဂုတ်လ ၆ ရက် ၁၄၀၀ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် သရက်ကွကျေးရွာမှ ဦးလှဌေး (၅၁)နှစ်နှင့် ဦးညွန့်ဌေး (၄၈) နှစ်တို့သည် PDF အကြမ်းဖက်သမားများပစ်ခတ်သော လက်လုပ်စိန်ပြောင်းဗုံးသီး ပေါက်ကွဲမှု ကြောင့် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့။
  • ဩဂုတ်လ ၆ ရက် ၂၁၂၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း(တောင်) ကျေးရွာအတွင်းသို့ အကြမ်းဖက်သမာများက လက်လုပ် စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်းသို့ ဗုံးသီး ၁၀ လုံးကျရောက်ပေါက်ကွဲခဲ့ရာ ဒေါ်ခင်နှင်းအေး (၅၁)နှစ်နှင့် ဒေါ်မိုးမိုး (၄၃) နှစ် တို့သည် ဗုံးစထိမှန်ဒဏ်ရာများကြောင့်သေဆုံးသွားခဲ့။
  • ဩဂုတ်လ ၆ ရက် ၁၃၃၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ ဇရပ်ကြီးကျေးရွာနေ ဦးကျော်လွင် (၄၈) နှစ်သည် ဇနီးဖြစ်သူနှင့်အတူ တောင်သာမြို့မှဈေးဝယ်၍ သုံးဘီးဆိုင်ကယ်ဖြင့်ပြန်လာစဉ် တောင်သာ-နွားထိုးကြီးသွားကားလမ်းမှ ဇရပ်ကြီးကျေးရွာသို့သွားသည့် လမ်းပေါ် အရောက်၌ အကြမ်းဖက်သမား ၄ ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ဦးကျော် လွင်အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်းသိရှိရ။
  • ဩဂုတ်လ ၆ ရက် ၀၇၀၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကမ္ဘာနီကျေးရွာနေ ဦးသိန်းထွန်း(၄၂)နှစ်အား ကမ္ဘာနီကျေးရွာနှင့်ဇီးကုန်း ကျေးရွာကြား ကျေးရွာချင်းဆက်လမ်း၌ အကြမ်းဖက်သမားများက ရက်ရက် စက်စက်သတ်ဖြတ်သွားခဲ့ကြောင်းသိရှိရ။
  • ဩဂုတ်လ ၆ ရက် ၁၄၂၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အားယားကျေးရွာနေ ဦးလှမြင့် (၅၈) နှစ်အား အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့်သေဆုံးသွားခဲ့ကြောင်းသိရှိရ။
  • ဩဂုတ်လ ၆ ရက် ၁၀၅၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်အတွင်းသို့ အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb များပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် “ဂျိန်းဖောသူ” လက်ဖက်ရည် ဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆိုင်အတွင်း၌ထိုင်နေသော မောင်ဖုန်းထက်မြက်(၆)နှစ်တွင် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့။
  • ဩဂုတ်လ ၆ ရက် ၁၆၄၀ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် မြို့သစ်ရပ်ကွက်နေ အကြမ်းဖက်သမား ကိုကိုမောင် (၂၀) နှစ်သည် မိုင်း ထောင်ဖောက်ခွဲရန် “ကမ္ဘာဟိန်း”လက်ဖက်ရည်ဆိုင်အနီးသို့ရောက်ရှိစဉ် ၎င်း သယ်ဆောင်လာသည့် လက်လုပ်ဗုံးပေါက်ကွဲခဲ့၍ သေဆုံးသွားခဲ့ကြောင်း သိရှိရ။