ရွှေဘိုမြို့ တိုက်ပွဲတွင် စစ်သား ၅ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ၆ ရက်တာတိုက်ပွဲတွင် မြင်းချင်းပျူစောထီးကျေးရွာမှ ဆိပ်ခွန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၄ ရက်နေ့၌ ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာနှင့် ဆိပ်ခွန်ကျေးရွာ အကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်ဆိုပြီး အထင်အမြင်မှားစေရန် လိမ်ညာ ရေးသားထားခြင်းဖြစ်ပါတယ်။