ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာမှာရှိတဲ့ နေအိမ် ၂၅ လုံးကို KIA နဲ့ PDF တွေက မီးရှိဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တွေကို KIA နဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေက မီးရှိဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ကျောက်ထုံးကြီးကျေးရွာအနီး ရောက်ရှိလာတဲ့ လုံခြုံရေးတပ်ဖွဲ့ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ကျေးရွာအတွင်းနဲ့ ကျေးရွာသင်္ချိုင်းကုန်းအတွင်းကနေပြီး စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားစဥ်မှာ ဆုတ်ခွာသွားတဲ့ အကြမ်းဖက်ပူးပေါင်းအဖွဲတွေက ရွာကိုမီးတင်ရှိခဲ့တာလို့ ဆိုပါတယ်။