ဗုဒ္ဓဘာသာပျောက်ကွယ်အောင်ရည်ရွယ်၍ NUG ၊ CRPH၊ PDF တို့က ရဟန်းသံဃာတော်များအား သတ်ဖြတ်နေခြင်းများ

ရဟန်းသံဃာတော်ဟူသည် – တရားကို ကောင်းစွာကျင့်ခြင်း၊ မှန်စွာကျင့်ခြင်း၊ ကုသိုလ်ပြုခြင်းသည်ကောင်း၏၊ ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်သည်။ သာမဏေရ ပဗ္ဗဇ္ဖ လို့ အခေါ်ပြောင်းလိုက်လျှင် – လွတ်မြောက်အောင်ကျင့်နေသူ၊ အနှောင်အဖွဲ ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူဟု အဓိပ္ပာယ်ရသည်။

NUG ၊ CRPH၊ PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့် အပြင် ကိုးကွယ်ဆည်းကပ်ရာဖြစ်သော ရဟန်းသံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ် သည့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်လျက်ရှိကြပါသည်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာရှိ၊ “ရွှေကူ” ကျောင်းတိုက်သို့ အကြမ်းဖက်အဖွဲ့များရောက်ရှိလာပြီး ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော သီတဂူဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)မှBAဘွဲ့ရရှိခဲ့သော ဘဒ္ဒန္တဂန္ဒာသာရ သက်တော် ၄၀နှစ်၊ ဝါတော် ၂၂နှစ်အား ဒလန်ဟုစွပ်စွဲကာ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း စိတ်မကောင်းဖွယ် သိရှိခဲ့ရပါသည်။

စစ်ကိုင်းမြို့ IBEC ဆရာတော်ဒေါက်တာအရှင်သောဘိတက စစ်ကိုင်း၌ ပြုလုပ်ခဲ့သော အလှူအခမ်းအနားတစ်ခုတွင် အောက်တွင်ဖော်ပြထားသည့်အတိုင်း ထည့်သွင်းမိန့်ကြားခဲ့ခြင်းဖြစ်သည်။
“ဒို့ ဗုဒ္ဓဘာသာရဟန်းတော်တွေ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့်လို့ သေကြေပျက်စီးသွားပြီ။ မင်းတို့ကမ္ဘာကြီးက တစ်ယောက်မှ ဒါကိုမပြောကြဘူး။ တခြားဘာသာက တစ်ယောက်များ ဖြစ်လိုက်ပြီဆိုရင်တော့ မင်းတိုတစ်ကမ္ဘာလုံးက ကုလသမဂ္ဂရော၊ အာဆီယံနိုင်ငံတွေရော၊ ဥရောပသမဂ္ဂရော ဝိုင်းပြီးတော့ ကျီးအာသလို အာကြတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခကို အကြောင်းပြပြီး NUG ၊ CRPH၊ PDF အမည်ခံအကြမ်းဖက်သမားများဟာ သံဃာတော် (၇၀)ပါးထက်မနည်း အကြမ်းဖက်သတ်ဖြတ်ခြင်းခံထားရပါသည်။

“ဗုဒ္ဓသာသနာတော်နဲ့ပတ်သက်ရင် နိုင်ငံတကာက ပုဂ္ဂိုလ်တွေက စွပ်စွဲပုတ်ခတ်ကြ၊ အပြစ်တင် ရှုချကြတယ်။ အဲဒီအထဲမှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေက ဘာလဲဆိုရင် ဒီတော်လှန်ရေး သမားတွေနဲ့ နိုင်ငံရေးသမားတွေနဲ့ ဘက်ပေါင်းစုံကနေ ပူးပေါင်းပြီးတော့မှ ဗုဒ္ဓသာသနာတော်ကြီး မြန်မာပြည်က ပျောက်ကွယ်သွားအောင် နောက်ကွယ်ကနေ လက်မည်းကြီးတွေနဲ့ ငွေကြေးတွေ စိုက်ထုတ်ပြီးတော့ မီဒီယာမျိုးစုံနဲ့လုပ်နေကြကြောင်းလည်း တွေ့မြင်နေရ ပါတယ်။

NUG ၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်းမရှိသော အပြစ်မဲ့ပြည်သူများကို သာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်းသံဃာတော်များကိုပင် အကြောင်း အမျိုးမျိုးပြ စွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသဖြင့် ပြည်သူတစ်ရပ်လုံး အနေဖြင့် ဝိုင်းဝန်း ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွင်း လူဟူ၍ပင် မသတ်မှတ်သင့်သူများဖြစ်သော NUG ၊ CRPH၊ PDF အကြမ်းဖက်အဖွဲများအား ဝိုင်းဝန်းဆန့်ကျင်ကြစေလိုကြောင်း ဆန္ဒပြုလိုက်ရပါတယ်….