ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင်တိုက်ပွဲဖြစ်

ဇန်နဝါရီ ၂၄ ရက်တွင် ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာ၌ အကြမ်းဖက်သမားများရောက်ရှိနေကြောင်း

သတင်းရရှိ၍တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်းစဉ် လက်ယက်ကုန်းကျေးရွာအတွင်းသို့အရောက်
အကြမ်းဖက်သမားအင်အား ၈၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်…

တိုက်ပွဲအတွင်းမှ-

-အကြမ်းဖက်သမားအလောင်း——၂ လောင်း
-ကျည်အိမ် ——–၁ ခု
-ဆိုင်ကယ်မျိုးစုံ——- ၁၄ စီးသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။