အပျော်မှသည် အပျက်ဆီသို့

(၁) သူ့ရဲ့ နာမည်က အတော်လှသည်။ “K” … “E” … “Happy Water” တဲ့။ သူက ညမှောင်အခန်းမှောင်မှောင် High အခန်းထဲတွင် DJ သံညံညံဖြင့် တွေ့နိုင်သည်။


(၂) “E” ဆိုတာက Ecstasy ….။ Stimulant drug group စိတ်ကြွဆေးအုပ်စုထဲတွင် ခေါင်းခါဆေးဟု နာမည်ကြီးသော စိတ်ထင်ယောင်ထင်မှားလည်းဖြစ်စေသည့် (Hallucinogen) မူးယစ်ဆေးတစ်မျိုးဖြစ်သည်။

E အား Tablet ဆေးပြားအနေဖြင့်တွေ့နိုင်ပြီး recreational drug သိုမဟုတ် club drug အနေဖြင့် တဒင်္ဂပျော်မွေ့စရာအနေဖြင့် စွဲလန်းစေသည့် မူးယစ်ဆေးတစ်မျိုးဖြစ်သည်။

E ၏ mechanism မှာ ခန္ဓာကိုယ်တွင်းမှ Dopamine ၊ Noradrenaline ၊ Serotonin ဟူသော Hormone ဟော်မုန်း ၃ မျိုးကို ထွက်လာရန် လှုဆော်ပေးသည်။ Dopamine hormone သည် စိတ်ကို တက်ကြွလာစေပြီး အားအင်ပြည့်လာသလိုခံစားစေပြီး တဒင်္ဂထင်မှတ်မှားစေသော ပျော်ရွှင်မှုကိုရစေသည်။ Noradrenaline hormone သည် နှလုံးခုန်မြန်စေ၍ သွေးပေါင်တက်စေသည်။ (သွေးတိုးရှိသူများအတွက် အန္တ ရာယ်ရှိပါသည်။) Serotonin hormone သည် စိတ်ကို တက်ကြွစေကာ လိင်စိတ်ကို နှိုးဆွမှုပေးပါသည်။


E ၏ အာနိသင်မှာ ၂ နာရီမှ ၄ နာရီခန့်အထိ သက်ရောက်စေပြီး အာနိသင်ကုန်ခါစတွင် စိတ်ကျခြင်း၊ စိတ်စုစည်းရန်ခက်ခဲခြင်း၊ စိတ်ဂဏှာမငြိမ်ဖြစ်ခြင်းတိုဖြစ်စေသည်။ ထိုသိုဖြစ်ခြင်းကို အရှိန်တင်သည့်အနေဖြင့် “K” ကို ရှုကြလေသည်။

(၃) နောက်ထပ် စိတ်ကြွဆေးတစ်မျိုးကတော့ ကိုကင်း Cocaine ဖြစ်သည်။ Coke ၊ Crack ၊ Big C ဟုလည်း ခေါ်ကြသေးသည်။ ထိုစိတ်ကြွဆေးအမျိုးအစားအနက် မြန်မာနိုင်ငံတွင် အခုနောက်ပိုင်းပို၍ ခေတ်စားလာသည်မှာ Happy Water ဆိုသည့် နာမည်လှလှပေးထားသော နတ်ဆိုးရည်ဖြစ်သည်။

Happy Water ထဲတွင် Ketamine ၊ Ectasy ၊ methamphetamine ၊ diazepam ၊ Caffeine ၊ Tramadol စသည့် စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးများကို အမှုန့်ကြိတ်၍ အအေးတစ်ခုဖြင့်ရောကာ အရည်ဖျော်ထားခြင်းဖြစ်သည်။ သူသည်လည်း ဆေးအာနိသင် ၂ နာရီကျော်ကြာမြင့်ပြီး အာနိသင်ပျယ်ပါက စိတ်ကျခြင်း၊ စိတ်စုစည်းရန်ခက်ခဲခြင်း၊ စိတ်ဂဏှာမငြိမ်ခြင်းတိုဖြစ်စေသည်။


(၄) အထက်ဖော်ပြပါ E တို့ Happy Water တို DJ သံ၏ စီးချက်ပြင်းပြင်းဖြင့် နှလုံးအား မောင်းနှင်မှုအောက်တွင် ပျက်ပျယ်စအချိန် ကယောင်ကတမ်းမဖြစ်မီတွင် ဆရာကြီး K နှင့် အရှိန်တင်ကြသည်။


K ခေါ် Ketamine ကို မေ့ဆေးအနေဖြင့် ၁၉၆၄ တွင် Clinical Tray တွင် စတင်စမ်း သပ်ခဲ့ပြီး အခြားမေ့ဆေး၊ ထုံဆေးများထက် Side effect နည်းခြင်း၊ soft ဖြစ်ခြင်း၊ အာနိသင်အချိန်တိုတောင်းခြင်းတိုကြောင့် ကလေးလူနာများ၊ တိရစ္ဆာန်များကို ခွဲစိတ်ကုသရာ၌ မေ့ဆေးအဖြစ် စတင်အ သုံးပြုခဲ့ကြသည်။

ဆေးအမည်ကို Ketalar ၊ Ketaset၊ Vetalar ဟူ၍ အမည်တတ်ကြသည်။ Ketamine သည် အခြားသမားရိုး ကျမေ့ဆေးများနှင့်မတူသော အာနိသင်မှာ လူနှင့် စိတ်မကပ်သည့်အတွက် ဆေးပညာအခေါ်အဝေါ်အရ Dissociative Anesthesia ဟု သတ်မှတ်ကြသည်။

K ခေါ် Ketamine သည် ဦးနှောက်၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်း cortical ဟုခေါ်သည့် အစိတ်အပိုင်းနှစ်ခုကို အဆက်အသွယ်ဖြတ်တောက်လိုက်သည်။ ထိုအခါ ဦးနှောက်၏ လုပ်ငန်းစဉ်များသည် အရောရောအထွေးဖြစ်ကာ ခန္ဓာကိုယ်နှင့် စိတ်အာရုံအသိကင်းကွာသွားပြီး ခန္ဓာကိုယ်ကမူလနေရာတွင်ရှိသော်လည်း စိတ် ၊ သိုမဟုတ် အာရုံအသိက လွင့်မျောနေလေသည်။ ထိုသည်ကို K Hole ဟု ခေါ်ကြသည်။
Ketamine ကြောင့် Dopamine Hormone ထွက်လာပြီး စိတ်ထင်ယောင်ထင်မှားဖြစ်ကာ တဒင်္ဂသာယာပျော်ရွှင်သည့် ခံစားမှု (Euphoria)ကို ရရှိသယောင်ဖြစ်စေသည်။


(၅) သိုသော် အထက်ပါမူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေးများသည် နှလုံးအား ပြင်းထန်စွာ ခိုင်းစေခြင်း၊ သွေးတိုးခြင်းတိုဖြစ်စေသောကြောင့် နှလုံးရောဂါအခံရှိသူများ၊ သွေးတိုးရောဂါရှိသူများသည် ရုတ်တရက် Shocked ဖြစ်ကာ အ သက်ဆုံးပါးသည်အထိ ဖြစ်နိုင်သည်။

သာမန်လူများတွင်လည်း ရေရှည်တွင် နှလုံးထိခိုက်ခြင်း၊ သွေးတိုးခြင်းတို ဖြစ်လာပါမည်။ ထိုအပြင် စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးများဖြစ်သဖြင့် စိတ်စေစားရာလိုက်မလုပ်ပါက ဦးနှောက်အတွင်းမှ ယိုစီးလာသော Hormone များက အန္တရာယ်ဖြစ်စေနိုင်သဖြင့် အဆက်မပြတ်ကခုန်ခြင်း၊ ခေါင်းယမ်းခြင်း၊ လက်မြှောက်ထားရခြင်း၊ ရေများများသောက်ရခြင်း၊ ရှုဆေးရှုခြင်း ယက်ခတ်ခြင်းစသည့် ကုစားမှုများကို ပြုလုပ်နေရပြီး ထိုသိုမလုပ်ပါက Shocked ရနိုင်သဖြင့် နံဘေးက အသိရှိသေးသူက ထို သိုပြုလုပ်ရန် လှုံ့ဆော်ပေးရသည်။

ထိုမူးယစ်ဆေးများသည် Drug တို၏ ထုံးစံအတိုင်း ရေရှည်တွင် ထိလာငြိလာစေရန် Dose တက်လာသည့်အတွက် နောက်ပိုင်းတွင် အသည်း၊ ကျောက်ကပ်နှင့် နှလုံးကို ပြင်း ပြင်းထန်ထန် ထိခိုက်စေနိုင်သည်။ မျိုးပွားဆိုင်ရာ ပြဿနာများလည်း ရှိသဖြင့် ကိုယ့် ၏မျိုးဆက်များသည် ကိုယ်၊ စိတ်ချိုယွင်းမှုများဖြင့် မွေးဖွားလာနိုင်သည်။

မိမိကိုယ်တိုင်လည်း မှတ်ဉာဏ်လျော့နည်းလာခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်သောကရောက်ခြင်း၊ ထင်ယောင်ထင်မှားများဖြစ်ခြင်း၊ မေ့လျော့ခြင်းစသည့် ဆိုးကျိုးတွေအထိ ခံစားရနိုင်ပါသည်။


ထိုအပြင် အမျိုးသမီးများအဖို့ အသိလွတ်သဖြင့် ကိုယ့်ကို မည်သူက ဘာလုပ်သွားသည်ကို မသိနိုင်တော့ပဲ နောက်ဆက်တွဲ အရှက်တကွဲအကျိုးနည်းဖြစ်တတ်ပါသည်။


(၆) အနောက်နိုင်ငံနယ်ချဲ့များသည် ၁၉ ရာစုက ကြွယ်ဝ၍ ပညာရည်ပြည့်ဝသော တရုတ်ကို နယ်ချဲ့နိုင်ရန် ဘိန်းစစ်ပွဲကို ဆင်နွှဲခဲ့သည်။ ယခုအခါတွင်လည်း မြန်မာနိုင်ငံအား ကိုလို နီလက်ဝေခံ သြဇာခံဖြစ်လာစေရန် တပ်မတော်အား ပြိုကွဲအောင် စစ်ရေးအရ အကူ အညီပေးခြင်း၊ ဘာသာရေးအရ ဖိနှိပ်ခြင်း၊ သိမ်းသွင်းခြင်း၊ စီးပွားရေးအရ ကန့်သတ်ခြင်း၊ မီဒီယာအားဖြင့် အသိမှားများရစေခြင်း၊ ဒလျှိ ဒလန် လောက်ကောင်များကို INGO အသွင်ဖြင့် မွေးမြူခြင်း စသည်တို့ကို စနစ်တကျအကွက်ဖော်၍ ဆောင်ရွက်နေကြပြီး Drug War သည်လည်း သူရို၏ Strategy တစ်ခုပင်ဖြစ်သည်။ ထိုကြောင့် တာဝန်အရှိဆုံး အစိုးရရော၊ ပြည်သူများကပါ အမျိုးသားရေးအသိဖြင့် ထိန်းသိမ်းကာကွယ်တားဆီးသွားသင့်ပါကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။
Crd to ချစ်ခြင်းဖြင့် ကိုအောင် ၁-၄-၂၀၂၃ ၀၇:၅၃