အသင့်တော်ဆုံး ပဲဟင်း အလွယ်ချက်နည်း

အခု အခြေအနေမှာ ငွေရေးကြေးရေး အရရော ခက်ခဲနေကြတယ်။ ပြီးတော့ နေမကောင်းလဲ ဖြစ်နေတယ် အသား၊ငါး ဝယ်ဖို့လဲ အဆင်မပြေဘူးဆိုရင် အသင့်တော်ဆုံး ကတော့ ပဲဟင်းပါပဲ
ပဲဟင်းကိုတော့ ရေကျဲ မချက်ပဲ ခပ်ပျစ်ပျစ်ကလေးတော့ ချက်ဖို့လိုပါမယ်။
ချက်နည်း
(၁) နှစ်သက်ရာ ပဲ – ထမင်းစားဇွန်း မောက်မောက် ၆ဇွန်း
(၂) အာလူး – အလုံးကြီး ၁ လုံး စာ
(၃) ဆီ – ထမင်းစားဇွန်း (၁) ဇွန်း
(၄) ဆား
(၅) ကြက်သွန်ဖြူကြော် – အဆင်ပြေရင် ထည့်ပါ
အရည် အပျစ် အနေအထားက ခပ်လိုက်ချိန်မှာ ဇွန်းမှာ ပဲ တွေ ဇွန်းတဝက် ပါလာမယ့် အနေအထားချက်ပါ။ အနည်းဆုံး လူနှစ်ယောက်စာ ကောင်းကောင်းစားလို့ရပါတယ်။
အကြမ်းဖျင်း ငွေကျပ် – ၅၀၀-၇၀၀ လောက်နဲ့ အဆင်ပြေနိုင်ပါတယ် (ဈေးကတော့ ကျွန်တော်ဝယ်တဲ့ ဈေးနဲ့ တွက်ထားလို့ နည်းသွား များသွားဖြစ်နိုင်ပါတယ်)
ထမင်း မစားနိုင်တဲ့ သူက တော့ ဆန်ထည့်ပြုတ်ပါ။
အာဟာရပြည့်အောင် ရှိတာလေးနဲ့ ချွေတာစားလို့ရပါတယ်။