ကျိုင်းတုံ-မိုင်ခွန်-မိုင်းဆတ်ကားလမ်းမှာ ကားတစ်စီး ချောက်ထဲထိုးကျခဲ့

ဖေဖော်ဝါရီ ၁၀ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်အချိန်က ကျိုင်းတုံ-မိုင်ခွန်-မိုင်းဆတ်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၄/၂နဲ့ ၁၄/၃ကြားရှိ ပန်လီကျေးရွာအနီးမှာ REVO အမျိုးအစား မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့တာဖြစ်ပါတယ်။

မော်တော်ယာဉ်တစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွားကြောင်း သတင်းရရှိချက်အရ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၁၂ဦးအနက် ကျား ၂ဦးနဲ့ မ ၃ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် ကျန် ၇ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုင်းနေလူမှုကူညီရေးအသင်းက ယာဉ်များဖြင့် ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။