ပြည်သူတိုင်း လက်နက်ကိုင်ခွင့် စတင်ခွင့်ပြု

လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀၀ ကျော်ကို သတ်ဖြတ်
ထားကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ
က ဝန်ခံထားပြီး ထိုသို့ NUG နှင့် PDF သတ်ဖြတ်
သူများတွင် ပြည်သူ ၅၅၀၀ ခန့်မှာ ရဟန်းသံဃာ၊
သီလရှင်၊ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးဝန်ထမ်းများ၊
NLD ပါတီမထောက်ခံသည့် အခြားပါတီဝင်များ
နှင့် အပြစ်မဲ့ပြည်သူများသာဖြစ်ကြောင်း SAC က
ရှင်းလင်းပြီးနောက်တွင် သတ်မှတ်အရည်အချင်း
ပြည့်စုံသည့် ပြည်သူတိုင်း လက်နက်ကိုင်ဆောင်ခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားသူသည်

  • အသက် ၁၈ နှစ်ပြည့်ရန်၊
  • နိုင်ငံအပေါ် သစ္စာရှိရန်၊
  • အကျင့်စာရိတ္တကောင်းမွန်ရန်၊
  • လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ရန်
    အမှန်တကယ်လိုအပ်သူဖြစ်ရန်၊
  • နိုင်ငံတော်နှင့် ဒေသဆိုင်ရာ လုံခြုံရေး၊ တရား
    ဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်ရေးတိုနှင့်
    အရေးယူခံရဖူးသူမဖြစ်ရန်နှင့်
  • စိတ်ပေါ့သွပ်သူမဖြစ်ရန်စသည်ဖြင့် သတ်မှတ်ထားသည်ဟုလည်း
    ကနဦး သိရသည်။