PDFအကြမ်းဖက်များမှ အမှိုက်ကောက်သည့်ကလေးငယ်များကို မိုင်းဖောက်ခွဲ သတ်ဖြတ်

၂၀၂၃ ဖေ ၀၈၁၅၀၅ ချိန်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ ဓာတ်မီးဂိုဒေါင်အနီး၊ အမှိုတ်ပုံတွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် ၎င်းနေရာတွင် အမှိုက်ကောက်နေသော အသက် ၁၁ နှစ်အရွယ် အောက်ပါ ကျား ၂ ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရပါတယ်။

(က) မိုးယံကို(ဘ)ဦးတင်ဌေး၊ ၁၁ နှစ်၊ ရွာဟောင်းကျေးရွာ၊ ချောက်မြို့နယ် နေသူတွင် ဝဲ/ယာပေါင် ပြက်ထွက် ဒဏ်ရာများဖြင့် (သေဆုံး)။

( ခ ) ဝင်းနိုင်မင်း(ဘ)ဦးဝင်းမြင့်၊ ၁၁ နှစ်၊ ရွာဟောင်းကျေးရွာ၊ ချောက်မြို့နယ် နေသူတွင် ခါးအောက်ပိုင်းပြက်ထွက်ဒဏ်ရာ ၁ ချက်၊ မျက်နှာ မိုင်းစထိမှန် ဒဏ်ရာများဖြင့်(သေဆုံး) ခဲ့ပါတယ်။