ပြင်ဦးလွင်မြို့နယ်တွင်Happy Water များ ဖမ်းဆီးရမိ

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ကျေးရွာအုပ်စု၊ ပွဲကောက်ကျေးရွာအနီးတွင် နန်းဝင်းကျော်မောင်းနှင်ပြီး နိုင်လင်းထွန်း လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၂၉၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ ၆ နာရီ ၅ မိနစ်အချိန် ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ လမ်းနှင့် ၆၃ လမ်းထောင့်တွင် ထိန်လင်းအောင်(ခ)ရန်ပီဖူးအား မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ၆၅ လမ်းနှင့် ၄၃ လမ်းထောင့်တွင် လီရှင်းဖင်(ခ)ထွန်းထွန်းအား BORGWARD အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် နန်းဝင်းကျော်၊ ၃၁ နှစ်၊ နိုင်လင်းထွန်း၊ ၃၆ နှစ်၊ ထိန်လင်းအောင်(ခ)ရန်ပီဖူး၊ ၂၆ နှစ်နှင့် လီရှင်းဖင်(ခ)ထွန်းထွန်း၊ ၃၁ နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။