မေတ္တာတရားနဲ့ဖြတ်သန်းလိုက်ပါ

ဘဝဆိုတာ တိုတိုလေးပါ
ဘာမှမကြာ
ခဏလေးမျှသာ ဖြစ်ပါတယ် ။

ဘဝဆိုတာ
တသမတ်တည်း
ပုံသေ ဘယ်သူမှရှိမနေပါဘူး ။

ဘဝဆိုတာ
နာရီ စက္ကန့်နဲ့အမျှ
ပြောင်းလဲနေတတ်ပါတယ် ။

ဘဝဆိုတာ
ကိုယ်လုပ်သလို ဖြစ်ချင်မှဖြစ်မယ်
ကိုယ်မထင်ထားတဲ့ အရာတွေဖြစ်နိုင်တယ် ။

ဘဝဆိုတာ
ဖြစ်ပြီးရင် ပျက်စီးမယ်
မွေးဖွားပြီးရင် သေဆုံးမယ် ။

တည်မြဲမှုမရှိ
အမြဲပြောင်းလဲနေတတ်တဲ့ လောကကြီးထဲမှာ
အတိတ်ရေစက်ကြောင့်
ခဏတာ လာရောက်ဆုံတွေ့ကြရတယ် ။

အဲလိုဆုံတွေ့ရချိန်လေးမှာ
ဘယ်သူကိုမှလည်း
နာကျင်အောင် ပျက်စီးအောင် မလုပ်ပါနဲ့ ။

တစ်ဦးနဲ့တစ်ဦး
အမုန်းအဃာတတွေနဲ့
တစ်ယောက်နဲ့တစ်ယောက်
မုန်းတီးပြီး ရန်ငြိုးဖွဲမနေလိုက်ပါနဲ့ ။

တန်ဖိုးရှိတဲ့ အချိန်တွေကို
ကိုယ့်ဘဝအတွက် အများအတွက်
အကျိုးရှိအောင် အသုံးချပြီးနေထိုင်ပါ ။

ခဏတာ
ရှင်သန်ခွင့်ရတဲ့ အခိုက်အတန့်လေးမှာ
ဘဝကို
အေးချမ်းစွာ ဖြတ်သန်းနိုင်အောင်

ဘယ်သူကိုမှ
အမုန်းမဖက်ပဲ မေတ္တာတရားတွေနဲ့
ဘဝကို ရှင်သန်ဖြတ်သန်းလိုက်ပါ ။

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️